မြန်မာနိုင်ငံတဝန်းက ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်ကို တင်ဆက်ဖို့အချိန် ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့
- တစ်ပတ်အတွင်းဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။
- ကိုဗစ်-၁၉ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိ၊ ပြည်ပသို့ခရီးသွားရာဇဝင်မရှိဘဲကူးစက်ခံရသည့်ကွင်းဆက်ပြတ် ပြည်တွင်းကူးစက်သူ ၄၂ဦးအထိရှိ။ (ဩဂုတ်၂၇ရက်အထိစာရင်း)
- မြန်မာနိုင်ငံမှကိုဗစ်ကူးစက်ခံရသူလူနာများအနက် အသက်အငယ်ဆုံးနှင့် အသက်ကြီးဆုံးလူနာ။
- ရှမ်းပြည်နယ်ရှိကျောင်းအချို့ကို အိမ်တွင်းအခြေပြုသင်ကြားမှု (Home Learning) နည်းလမ်းဖြင့် သင်ကြားပို့ချသွားမည်။
- ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကို စက်တင်ဘာလကုန်အထိ ဆက်လက်ပိတ်ထားမည်။
- ဟုမ္မလင်းမြို့နယ် မုက္ကလိကျေးရွာက နိုင်ငံတော်ထောက်ပံ့ကြေးကို မယူ။
- ဗန်းမော်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်းကင်မရာကို စမ်းသပ်တီထွင်အောင်မြင်။
- တနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းခြေနှင့် ရေတံခွန်များ ပြန်ပိတ်ရန်စီစဉ်။
- မွန်ပြည်နယ်ရှိဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို လက်လီ၊ လက်ကားရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းပါက အရေးယူသွားမည်။
- ချင်းပြည်နယ် အဝင်အထွက်ဂိတ်များကို တင်းကြပ်မည်။
စတဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်နိုင်ပါပြီ။