ကိုဗစ် ၁၉ ကြောင့် အထူးတလည် အခက်အခဲကြုံနေရတဲ့ အဖွဲ့တစ်ခုကတော့ မြန်မာနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာသီလရှင်တွေပါပဲ။ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ဆွမ်းဆန်အလှူခံတာတွေနဲ့ အလှူအတန်းတွေကို ရပ်နားထားရတဲ့အတွက် ရာပေါင်းများစွာသော သီလရှင်တွေက အစားအသောက်တွေ ရှားပါးပြတ်လတ်နေရပါတယ်။ ဘုန်းကြီးကျောင်းတွေကို အဓိကဦးစားပေး လှူဒါန်းနေတာကြောင့် သီလရှင်ကျောင်းတွေက အလှူအတန်းရရှိမှု နည်းပါးပြီး တချို့ကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အကူအညီတောင်းခံနေရပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။
လူမှုကွန်ရက်မှာတော့ အာဏာသိမ်းစစ်ကောင်စီက ဗိုလ်ချုပ်တွေရဲ့ သား၊ သမီး၊ မိသားစုဝင်တွေကို ပစ်မှတ်ထားပြီး လူမှုပြစ်ဒဏ်ချမှတ်ဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုတွေ များပြားလာပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။