Episode 12: တစ်ပတ်အတွင်းစိတ်ဝင်စားဖွယ် ကိုဗစ်-၁၉သတင်းများ

မြန်မာတစ်နိုင်ငံလုံးက ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်ကို တင်ဆက်ဖို့အချိန် ရောက်လာပါပြီ။

ဒီတစ်ပတ်မှာတော့

  • ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာနဲ့ ထိတွေ့မှုမရှိ၊ ပြည်ပခရီးသွားရာဇဝင်မရှိဘဲ သြဂုတ်(၂၁)ရက်အထိ နိုင်ငံတွင်းကူးစက်ခံရသူ (၁၈)ဦးရှိ။
  • ဒုတိယလှိုင်းအဖြစ်ရခိုင်ပြည်နယ်တွင်ပေါ်ပေါက်လာနိုင်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေး။
  • စစ်တွေမှ ရန်ကုန်သို့လာရောက်ကြမည့်သူများနှာခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ်နှစ်ခါစစ်ဆေးခံရမည်။
  • ယခင်ထက်၁၀ ဆခန့်ကူးစက်မြန်သည့် ဗီဇပြောင်းကိုဗစ်-၁၉ဗိုင်းရပ်ပိုးမျိုးစိတ် မြန်မာနိုင်ငံအတွင်း ကူးစက်မှုရှိကြောင်း သတိပေး။
  • တနင်္သာရီတိုင်းဒေသကြီးတွင် အလယ်တန်းကျောင်းများပြန်ဖွင့်ရန် ပြင်ဆင်နေ။
  • မူဆယ်(၁၀၅ မိုင်)ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ် ၅၀ရာခိုင်နှုန်းကျဆင်း။
  • ရှမ်းပြည်နယ်၊​ အရှေ့ပိုင်းတွင် အိမ်ဖောက်ထွင်းမှု၊ ပစ္စည်းခိုးယူမှုများ ကိုဗစ်-၁၉ကာလအတွင်း ပိုမိုမြင့်တက်။
  • လိုင်ဇာမြို့အတွင်းဝင်ရောက်မည်ဆိုပါက သတ်မှတ်ထားသည့် ကိုယ်အပူချိန်ထက်ကျော်လွန်လျှင်ဆေးရုံတက်ရမည်။
  • မွန်ပြည်နယ်တွင်း လက်ယက်ကန်းလုပ်ငန်းများ လည်ပတ်ဖို့ခက်ခဲ။
  • နတ်ပေါက်အပန်းဖြေဆင်စခန်း သြဂုတ်လအတွင်းပြန်ဖွင့်မည်။
  • မင်းကွန်းရွှေကျွန်းပင်မောင်နှမနတ်ပွဲ ကိုဗစ်-၁၉ရောဂါကြောင့် မကျင်းပတော့သော်လည်း ရိုးရာနတ်ဆက်သူများ လာရောက်မှုရှိနေ။

စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကိုနားဆင်နိုင်ပါပြီ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar