Episode 108: မြန်မာနိုင်ငံအပြင်ဘက် ထွက်ပြေးနိုင်ဖို့ စွန့်စားနေတဲ့ရိုဟင်ဂျာများ

ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲမျိုးစုံက ရိုဟင်ဂျာတွေကို တခြားအရပ်ဒေသတွေမှာ ပိုမိုကောင်းမွန်တဲ့ဘဝကို ရှာဖွေနိုင်ဖို့အတွက် တွန်းအားဖြစ်စေပါတယ်။ ဒါပေမဲ့ လဝကဥပဒေများ၊ အလိမ်အညာပွဲစားများနဲ့ ထောင်ကျနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Frontier Myanmar English Magazine နဲ့ ဒို့အသံတို့ဟာ မြန်မာနိုင်ငံရဲ့အပြင်ဘက်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိဖို့အတွက် စွန့်စားထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။