Episode 101: အဓမ္မပြုကျင့်ခံရသူ စာသင်ကျောင်းမှနှင်ထုတ်ခံရခြင်း

မွန်ပြည်နယ်က မိန်းကလေးတစ်ဦးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ တွေ့ကြုံခံစားခဲ့ပြီးတဲ့နောက် သူတက်မယ့်ကျောင်းကလည်း သူ့ကို လက်မခံတော့ပါဘူး။ မိန်းကလေးက ကျူးလွန်ခဲ့သူနဲ့ ရရှိထားတဲ့ကိုယ်ဝန်မှ သားလေးတစ်ယောက်မွေးဖွားထားပါတယ်။ ဘာအမှားမှ သူ မလုပ်ခဲ့ပေမဲ့ ကျောင်းဆရာ ဆရာမတွေကတော့ တခြားကျောင်းသားတွေအတွက် မကောင်းတဲ့ဥပမာ ဖြစ်မှာစိုးတဲ့အတွက် ကျောင်းအပ်လက်မခံခဲ့ပါဘူး။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Mon News Agency နဲ့ ဒို့အသံတို့ဟာ ဒီလိုရှက်စရာကောင်းတဲ့ ယဉ်ကျေးမှုဓလေ့နဲ့ အဓမ္မကျင့်ခံရသူရဲ့အမည်းစက်တွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ အနာဂတ်ရည်မှန်းချက်ပန်းတိုင်တွေကို ဘယ်လောက်ထိခိုက်နစ်နာမှု ရှိစေသလဲဆိုတာကို ရှာဖွေတင်ဆက်ထားပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။