ချင်းပြည်နယ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ခရစ်ယာန်ဘုရားကျောင်းတွေကို သွားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရက ချင်းပြည်နယ်က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို ဘုရားကျောင်းတည်ဆောက်ဖို့ ခွင့်ပြုချက်နဲ့ နယ်မြေတွေကို သာသနာပိုင်နယ်မြေအဖြစ် တရားဝင်ခွင့်ပြုပေးဖို့ ခုချိန်ထိ လျစ်လျူရှုထားဆဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Chin World နဲ့ ဒို့အသံတို့ဟာ ချင်းပြည်နယ်မှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းမှု၊ ကိုးကွယ်မှုတွေ၊ ယုံကြည်မှုတွေ စတဲ့ဘာသာရေးနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှု ဘယ်လိုရှိသလဲဆိုတာကို ရှာဖွေတင်ဆက်ထားပါတယ်။
ချင်းပြည်နယ်ရှိ အမယ်အိုတစ်ဦးသည် နေရပ်မှတိမ်းရှောင်ခြင်းမပြုဘဲ အာဏာရှင်ဆန့်ကျင်ရေးတပ်သားများနှင့် အေးအတူ၊ ပူအမျှ ပြည်တွင်းစစ်ခရီးကြမ်းကြီးကို ဖြတ်သန်းနေသည်။
Frontier ရေးသားသည်။