မြန်မာနိုင်ငံတဝှမ်းက ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အနှစ်ချုပ်ကို တင်ဆက်ဖို့ အချိန်ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့
- မြန်မာနိုင်ငံကို ရွှေ့ပြောင်းအလုပ်သမား ၁၄၀,၀၀၀ကျော်နှင့် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂,၄၀၀ကျော်ရှိ။
- ဆွမ်းဦးပုညရှင်စေတီကို ဝါတွင်းကာလတွင် အရုဏ်တော်ဝတ်အသင်းများက ဘုရားစဉ်အလိုက် အဦးဆုံးဆွမ်းကပ်လှူမှု ယခုနှစ်တွင် ကိုဗစ်-၁၉ကြောင့် အစဉ်အလာပျက်။
- စစ်ကိုင်းမြို့က တန်ခိုးကြီဘုရားများဝင်ရောက်ဖူးမြော်ခွင့်ကို ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ပြန်လည်ပိတ်သိမ်း။
- မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ကြောင့် ရာသီအလိုက် ခြံထွက်သီးနှံများ ဈေးနှုန်းကျဆင်း။
- ထားဝယ်ဒေသမှာ ဟင်းသီးဟင်းရွက်ဈေး ငါးပုံတစ်ပုံအထိကျဆင်း။
- ကချင်ပြည်နယ်မှာ အစိုးရရဲ့ ကိုဗစ်-၁၉ထောက်ပံ့ငွေမရရှိသေးတဲ့ အိမ်ထောင်စုများစွာရှိနေ။
- ချင်းပြည်နယ်မှာ အသက်၈၀နဲ့ ၈၅နှစ်ကြား သက်ကြီးရွယ်အိုတွေကို ထပ်ဆောင်းထောက်ပံ့နိုင်ဖို့ စာရင်းကောက်ယူ။
စတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် သတင်းများကိုနားဆင်နိုင်ပါပြီ။