Episode 1 : ဒို့အသံက ကြိုဆိုပါတယ်

မင်္ဂလာပါ။

“ဒို့အသံ” အစီအစဉ်ရဲ့ပထမဆုံး ထုတ်လွှင့်မှုကနေ ကြိုဆိုလိုက်ပါတယ်။

ပထမဆုံးထုတ်လွှင့်မယ့် အစီအစဉ်ဉ်မှာတော့ “လူ့အခွင့်အရေးဆိုတာဘာလဲ။ လူ့အခွင့်အရေးက ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနေသလဲ” ဆိုတာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ သိရှိနားလည်အောင် ကြိုးစား တင်ပြထားပါတယ်။

ဒီအစီအစဉ်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး မကြာသေးခင်က ကမ္ဘာကို ပြောကြားထားမှုတွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေရဲ့ စကားသံတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာအစိုးရတို့ရဲ့ လူ့အခွင့်ရေးနဲ့ပတ်သက်ပြီး အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကိုလည်း နားဆင်ရမှာ ဖြစ်တဲ့အတွက် စောင့်မျှော် အားပေးကြပါဦးလို့ ဖိတ်ခေါ်ပါရစေ။