BBC Symphony Orchestra ပါဝင်သည့် အောက်ခက်စထရာ ဖျော်ဖြေပွဲ ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၃

ယူကေနိုင်ငံမှ BBC Symphony Orchestra အဖွဲ့ဝင်များက Orchestra for Myanmar နှင့် The New Children’s Choir တို့နှင့် ပူးပေါင်းကာ အခမဲ့ အထူးဖျော်ဖြေ တင်ဆက်မှုတစ်ခုကို ယနေ့ ညနေ ၇ နာရီတွင် ရန်ကုန်မြို့ Strand Hotel ၌ ကျင်းပသွားမည်ဖြစ်သည်။

“ပွဲကတော့ တော်တော်ကြီးကျယ်မယ့် ပွဲတစ်ခုဖြစ်မှာပါ။ ဂီတပညာရှင်များနဲ့ Choir အဖွဲ့ဝင်ပေါင်း ၁၂၀ လောက် နဲ့ ဖျော်ဖြေသွားမှာပါ။ ကလေးတွေချည်းပဲ ၇၀ လောက်ရှိမယ်” ဟု Orchestra for Myanmar နှင့် the New Children’s Choir တို့၏ တည်ထောင်သူ Sebastian See-Schierenberg က ပြောကြားသည်။

လန်ဒန်အခြေစိုက် ထိပ်တန်း အော်ခက်စထရာတစ်ခုဖြစ်သော BBC Symphony Orchestra မှ ဂီတပညာရှင် ရှစ်ဦးနှင့် ပူးပေါင်း၍ World Premier သီချင်းကြီးတစ်ပုဒ်ကို တင်ဆက်သွားမည် ဖြစ်သည်။ ထိုသီချင်းကြီးကို မြန်မာပြည်မှ အနုပညာရှင် အကယ်ဒမီ ဓီရာမိုရ် (ခေါ်) ဦးမောင်မောင်ဇော်ထက်က သီကုံးထားသည်ဟုသိရသည်။

“ကျွန်တော်တို့ရဲ့ မဟာဂီတတွေကို ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ သံစုံတေးဂီတဝိုင်းကြီးတွေက တီးနိုင်မယ့် အဆင့်မျိုး လုပ်ချင်တယ်။ သူများနိုင်ငံတွေမှာ Orchestra နဲ့တီးဖို့ သီချင်းတွေရှိပြီးသား။ ကျွန်တော်တို့ဆီမှာက တစ်ပုဒ်မှ ကောင်းကောင်းမရှိဘူး ဖြစ်နေတယ်။ အထူးသဖြင့် မဟာဂီတပေါ့။ အဲလိုနက်နဲတဲ့ ဂီတကို ဘယ်နိုင်ငံပဲသွားသွား ဒီ notes တွေ ပေးလိုက်တာနဲ့ မြန်မာသံစဉ်မျိုး ထွက်လာစေချင်တာက ကျွန်တော့ရည်ရွယ်ချက်ပေါ့” ဟု အကယ်ဒမီ ဓီရာမိုရ်က ပြောသည်။

Orchestra for Myanmar နှင့် New Children’s Choir အဖွဲ့များမှာ MARGA Youth Foundation က နာယကအဖြစ် မတည်ထောက်ပံ့ထားသည့် နာမည်ကြီး ပရဟိတစီမံကိန်းနှစ်ခုဖြစ်ကာ ယူကေမှ ပရဟိတလုပ်ငန်းဖြစ်သည့် Live4Music ၏ ဒါရိုက်တာဖြစ်သော Sebastian See-Schierenberg က စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။

ယူကေ အခြေစိုက် BBC Symphony Orchestra ၏ အဖွဲ့ဝင်များက စေတနာဝန်ထမ်းအဖြစ် Orchestra for Myanmar မှ အနုပညာရှင်များကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး New Children’s Choir နှင့် အထူးတင်ဆက်မှုအတွက် ပြင်ဆင်ပေးခဲ့သည်။

သတင်း-စောကပလူစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar