“အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်…”
အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ လူမှုကူညီကယ်ဆယ်ရေး သမားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် မှားယွင်းပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။
ဒီတစ်ပတ်မှာတော့ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးသမားတွေ ကြုံတွေ့နေရတဲ့ မြေပြင် အခြေအနေတွေ၊ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။