မြန်မာ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ဘဝအခြေအနေတွေ၊ သူတို့ရဲ့ အသံတွေကို နည်းမှန်လမ်းမှန် ထုတ်လွှင့်ပြီး အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို သင်ဖန်တီးလိုပါသလား။ ဒီလို ဖန်တီးလိုတယ်ဆိုရင်တော့ ပထမဆုံး နိုင်ငံတကာဆုရပေါ့ကတ်စ်ခုဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အသံဆောင်းပါးတွေကို အထူးပြု ထုတ်လွှင့်လျှက်ရှိတဲ့ ဒို့အသံ (Doh Athan) က စီစဥ်ထားတဲ့ အခမဲ့ ပေါ့ကတ်စ်သင်တန်းကို လျှောက်ထားနိုင်ပါတယ်။
သင်တန်းသားဦးရေ (၁၀) ဦးကိုသာ စိစစ်ရွေးချယ်သွားမှာမို့ လျှောက်လွှာကို သေချာဖတ်ရှုပြီး သြဂုတ်လ ၁၈ ရက်နေ့ မတိုင်မီ ကိုယ်တင်ဆက်လိုတဲ့ အကြောင်းအရာနဲ့အတူ ပေးပို့ လျှောက်ထားနိုင်ပါတယ်။
ဆောင်းပါးအိုင်ဒီယာတွေကို စဥ်းစားရာမှာ အသုံးဝင်စေဖို့ ၂၀၂၅ ခုနှစ်အတွင်း လူအကြည့်အများဆုံးဆောင်းပါးများစုစည်းမှု reel ကနေ တစ်ဆင့် နမူနာအဖြစ် လေ့လာနိုင်ပါတယ်။
Link: https://www.facebook.com/reel/1400248292113745 ဒါ့အပြင် ရှစ်နှစ်တာအတွင်း ထုတ်လွှင့်ခဲ့တဲ့ ဒို့အသံ အသံဆောင်းပါးတွေထဲက မိမိစိတ်ဝင်စားရာ ပေါ့ကတ်စ်ဆောင်းပါးတွေကိုလည်း ပြန်လည်နားထောင်ရင်း ဆောင်းပါးအိုင်ဒီယာ စဥ်းစားကြဖို့ တိုက်တွန်းလိုပါတယ်။
ရွေးချယ်ခံရတဲ့ သူတွေကို အီးမေးလ်ပေးပို့ အကြောင်းကြားပေးသွားမှာ ဖြစ်ပြီး သုံးရက်တာ ပေါ့ကတ်စ်သင်တန်းတက်ရောက်ခွင့်၊ အတွေ့အကြုံရှိပေါ့ကတ်စ်ထုတ်လုပ်သူ အယ်ဒီတာတွေရဲ့ mentorship နဲ့အတူ ပေါ့ကတ်စ်စတိုရီတစ်ခုကို ရေးသားထုတ်ဝေခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။
ပေါ့ကတ်စ်ထုတ်လွှင့်ဖို့ ရွေးချယ်ခံရသူတွေကို စာမူခ ဆုကြေးငွေ ၄ သိန်းအထိ ပေးအပ်သွားမှာ ဖြစ်သလို ဒို့အသံ (Doh Athan) ရဲ့ ဆိုရှယ်ပလက်ဖောင်းတွေမှာ ထုတ်လွှင့်ပေးသွားမယ့် အကြောင်းကိုလည်း သတင်းကောင်းပါးပါရစေ။
ဘယ်သူတွေ လျှောက်ထားနိုင်လဲ။
Story Podcast တစ်ပုဒ်ရသည်အထိ ထုတ်လိုသူ
သတင်းမီဒီယာလုပ်ငန်း အတွေ့အကြုံအနည်းဆုံး ၁ နှစ် – ၃ နှစ်အတွင်းရှိသူ
၃ ရက်တာ နေ့တဝက်သင်တန်းကို အချိန်ပြည့် တက်ရောက်နိုင်သူ
အသေးစိတ်အချက်အလက်များ
သြဂုတ်လ ၂၄၊ ၂၅၊ ၂၆ ရက်
မြန်မာစံတော်ချိန် မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ
အွန်လိုင်း (Zoom Platform) မှ တက်ရောက်ရမည်။
ဒီ လင့် (link) ကနေ တစ်ဆင့် သြဂုတ်လ ၁၈ ရက်နေ့မတိုင်ခင်အထိ လျှောက်ထားနိုင်ပါတယ်။