ကုလသမဂ္ဂအဖွဲ့ရဲ့အချက်လက်တွေအရ ၂၀၂၃ ခုနှစ်မှာတော့ မြန်မာဟာ အာဖဂန်နစ္စတန်ကို ကျော်တက်ခဲ့ပြီး ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ နှစ်ပေါင်း ၆၀ ကြာပြည်တွင်းစစ်နဲ့ နယ်မြေမတည်ငြိမ်မှုတွေကြားမှာ စီးပွားရေးကျဆင်းမှု၊ ဝင်ငွေနည်းပါးမှုတွေ၊ အခြားသီးနှံတွေရဲ့ဈေးကွက်မတည်ငြိမ်မှုတွေကြောင့် ဝေးလဲခေါင်ဖြားတဲ့ အရပ်ဒေသမှာနေတဲ့ တောင်သူတွေအတွက် တခြားသီးနှံတွေထက် ဝင်ငွေပိုကောင်းပြီး ရောင်းရလွယ်တဲ့ ဘိန်းသီးနှံကို စိုက်ပျိုးဖို့ တွန်းအားဖြစ်လာစေခဲ့ပါတယ်။
စားဝတ်နေရေးခက်ခဲမှုကြောင့် ဘိန်းစိုက်ကြတဲ့ ရှမ်းတောင်ပိုင်းကတောင်သူတွေကတော့ လက်ရှိမှာ ဘိန်းစိမ်းဈေးကျတာအပြင် စိုက်ပျိုးရေးအခက်အခဲတွေကြောင့် တရားမဝင်တဲ့ ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်ချင်နေကြပါပြီ။ ဒါပေမယ့် ပြောင်းလဲစိုက်ပျိုးမယ့် အစားထိုးသီးနှံတွေရဲ့ ဈေးကွက်မဖော်ပေးနိုင်ပေးဘူးဆိုရင် ဘိန်းခင်းတွေကို ဆက်တွေ့ရဦးမှာပါ။ ဘိန်းစိုက်သံသရာထဲမှာ လည်ပတ်နေရဦးမယ့် ဘိန်းစိုက်တောင်သူတွေ ဘာအကျပ်အတည်းတွေ ကြုံနေရလဲဆိုတာ ဒီရုပ်သံမှာ အပြည့်အစုံကြည့်ရှုနားဆင်နိုင်ပါတယ်။