ထိုင်း- မြန်မာနယ်စပ်မှာ ယုံကြည်ရာလမ်းပေါ်ကသူတွေ လူခြင်းဆုံနိုင်ကြမယ့် ရပ်ဝန်းတစ်ခုကို CDM အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ကိုသီဟဖန်တီးထားပါတယ်။ သူ့အိမ်မှာ နေစရာအခက်အခဲရှိနေတဲ့ CDM ဝန်ထမ်းတွေအပါအဝင် နိုင်ငံရေးကြောင့် တိမ်းရှောင်လာသူတွေအတွက် လုံခြုံစွာခိုနားနိုင်ဖို့ တံခါးဖွင့်ထားတာပါ။ အဲဒီနေရာဟာ ခံယူချက်တူသူ အချင်းချင်း အတူတကွနေထိုင်ကြရင်း အပြန်အလှန်စိတ်ခွန်အားပေးနိုင်တဲ့ နွေးထွေးတဲ့နေရာတစ်ခုဖြစ်နေပါတယ်။