ဆောင်းပါးတိုင်းရဲ့နောက်ကွယ်မှာတော့ အင်တာဗျူးတွေအတွင်းမှာ ကြုံလိုက်ရတဲ့ အတွေ့အကြုံတွေ၊ မြိုသိပ်ထားရတဲ့ ခံစားမှုတွေအပြင် မမေ့နိုင်တဲ့ ဖြစ်ရပ်စတာတွေ သတင်းထောက်တွေနဲ့အတူ အများအပြား ကျန်ရှိတတ်ပါတယ်။ ဒို့အသံက ထုတ်လွှင့်ခဲ့တဲ့ “ငလျင်ကြားကပြည်သူ့သူရဲကောင်းများ” ပေါ့ကတ်အတွက် မြေပြင်မှာ သတင်းယူခဲ့တဲ့ ကံကောင်းရဲ့ ဆောင်းပါးနောက်ကွယ်က အတွေ့အကြုံတွေကို ပြန်လည် မျှဝေ တင်ဆက်လိုက်ပါတယ်။
“မိသားစု အကုန်လုံးဆုံးပါးသွားတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်နဲ့ ကျတော်စကားပြောချိန်မှာ မိသားစုတွေနဲ့ပတ်သက်ပြီးဘာတွေ အမှတ်တရရှိခဲ့လဲ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တော့.. ငလျင်မလှုပ်ခင်ညက သူနဲ့ သူ့မိသားစုတွေ အရင်ကထက်စကားတွေ အများကြီးပြောဖြစ်ကြတယ်။အဲဒီညက သူတို့အနာဂတ်အတွက်လုပ်မယ့် အတွေးတွေ ကိုယ်စီရှိကြတယ်။”
အပြည့်အစုံကို နားဆင်နိုင်ပါပြီ။