အာဏာသိမ်းပြီးနောက် စီးပွားရေးသတင်းတွေကိုရေးသားတဲ့အခါမှာ အင်တာဗျူးတွေ၊ အချက်လက်တွေရရှိဖို့ကခက်ခဲပါတယ်။ ဒီတစ်ပတ်မှာတော့ ကုန်သွယ်ပြဿနာများကြားက လူသုံးကုန်ပြတ်လပ်မှု ဆောင်းပါးကိုရေးသားထားတဲ့သတင်းထောက်ရဲ့ ဆောင်းပါးနောက်ကွယ်က အတွေ့အကြုံတွေကိုနားဆင်ရမှာပါ။
လောင်စာဆီဈေးမြင့်တက်မှု၊ ဓာတ်မြေသြဇာနဲ့ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာမှု ကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က စပါးစိုက်တောင်သူ လယ်သမားတွေဟာ အကြွေးနွံနစ်ပြီး ဆင်းရဲဒုက္ခတွင်းထဲ ပိုနက်လာစေပါတယ်။
Frontier တင်ဆက်သည်။