အမကလေ အခု ၂ လကျော်သာ ကြာသွားတာ။ အမ သမီးလေးကို အလွမ်းအဆွေးက မလျော့ပါးသေးဘူး။ ခံစားရတုန်းပဲ။ ပထမတော့ ပေါင်သားကိုလှီးပြီး ဟိုဘက်ပေါင်ကို ကပ်လိုက်တဲ့အချိန်မှာ ဆေးထည့်တော့ သူတအားငိုခဲ့တယ်။ အမေတဲ့ သမီးကတော့ လူ့ဘဝ မနေချင်တော့ဘူးတဲ့။
ပြီးခဲ့တဲ့မေလ ၁၂ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးက အိုးတိမ်တွင်းကျေးရွာက စာသင်ကျောင်း တစ်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဆရာဆရာမ ၂ ဦးနဲ့ ကျောင်းသား ၂၀ ကျော် သေဆုံးခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုသုံးလ ကြာသည့်တိုင်အောင် အသက်ရှင်ကျန်ရစ်ခဲ့သူတွေကရုပ်ပိုင်းနဲ့ဆိုင်းရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုပြင်းပြင်းထန်ထန်ခံစားနေရဆဲပါ။
မင်္ဂလာပါရှင်။ မြန်မာနိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ ဒို့အသံ အပတ်စဉ် podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကို Foundation Hirondelle က ကူညီပံ့ပိုးပေးထားတာပါ။ဒီတပတ် အစီအစဉ်ကိုတော့ ဒို့အသံရဲ့အလွတ်တန်းသတင်းထောက် Esther J က ရေးသားထားပြီး ဒို့အသံအဖွဲ့သားတွေက ဆက်လက်တင်ဆက်ပေးပါမယ်။ ဆောင်းပါးအတွင်း လုံခြုံရေးအခြေနေတွေကြောင့်နာမည်တွေကို ပြောင်းလဲအသုံးပြုထားပါတယ်။