ရန်ကုန်မြို့၌ အကြီးဆုံးမာရသွန် အပြေးပြိုင်ပွဲကြီး ကျင်းပရန် စီစဉ်လျက်ရှိ

pic_-_yoma.jpg

 title=

title=

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ယာဉ်ကြောရှုပ်ထွေးပြီး စိတ်ပျက်ဖွယ်ကောင်းအောင် လမ်းပိတ်ဆို့လေ့ရှိသော ရန်ကုန်မြို့ကြီးတွင် လာမည့် ဇန်နဝါရီ ၁၇ ရက်၌ အကြီးဆုံး မာရသွန်အပြေးပြိုင်ပွဲကြီးကို ကျင်းပရန် စီစဉ်လျက်ရှိရာ ယနေ့အထိ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားသူ ၃,၅၀၀ ကျော် ရှိနေပြီဟု မာရသွန်ပြိုင်ပွဲစီစဉ်သူများက တနင်္လာနေ့က ပြောကြားသည်။

ပါဝင်ယှဉ်ပြိုင်မည့် စာရင်းပေးသွင်းမှုကို ဒီဇင်ဘာ ၁၈ ရက်အထိ လက်ခံမည်ဖြစ်ရာ ထိုနေ့တွင် စာရင်းပေးသွင်းသူ ၅,၀၀၀ ခန့်အထိ ရှိလိမ့်မည်ဟု ပြိုင်ပွဲစီစဉ်သူ ‘ရိုးမရန်ကုန် နိုင်ငံတကာမာရသွန်ပြေးပွဲ’ YYIM အဖွဲ့က မျှော်လင့်ထားပြီး ယခုအထိ ငွေသွင်း၍ စာရင်းပေးထားသူ ၃,၅၀၀ ရှိနေပြီဟု မာရသွန် စီမံကိန်းမန်နေဂျာ ဦးဉာဏ်မင်းစိုးက ပြောသည်။

“ကျွန်တော်တို့ကတော့ ပြိုင်ပွဲကို တစ်နှစ်ထက်တစ်နှစ် ပိုကောင်းအောင်၊ ပိုပြီးကျယ်ပြန့်လာအောင် ကြိုးစားနေပါတယ်”ဟု ၎င်းက ပြောပြသည်။

YYIM မာရသွန်ပြေးပွဲကို Yoma Strategic (YOMA), First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီYCDC တို့ ပူးတွဲစီစဉ်၍ နှစ်စဉ်ကျင်းပလာခဲ့သည်။

YYIM-2016 မာရသွန်ပြေးပွဲသည် ရန်ကုန်မြို့တော်အတွက် စတုတ္ထမြောက် မာရသွန် ပြိုင်ပွဲကြီး ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ကားတင်သွင်းမှု စည်းမျဉ်းဥပဒေများကိုဖြေလျှော့ပေးခဲ့ရာ ရန်ကုန်မြို့ လမ်းများပေါ်တွင် မော်တော်ယာဉ်စီးရေမှာ အဆမတန် တိုးပွားများပြားလာခဲ့သည်။ မာရသွန်ပြိုင်ပွဲ ကျင်းပမည့် ဇန်နဝါရီလ ၁၆ ရက်တွင် ၄၂ ကီလိုမီတာ ရှည်လျားသော ပြေးလမ်းတစ်လျှောက် မော်တော်ယာဉ်သွားလာမှုကို ပိတ်ထားမည်ဖြစ်ရာ ပြေးပွဲစတင်မည့် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှ ဗိုလ်တထောင်ဘုရား-ရွှေတိဂုံဘုရားနှင့် အင်းလျားကန်အထိ လမ်းများပါဝင်သည်ဟု သိရသည်။ မာရသွန်အပြေးပြိုင်ပွဲမှ ရရှိသောငွေများကို ကလေးသူငယ်ကူညီထောက်ပံ့ရေးအဖွဲ့ နှစ်ဖွဲ့ဖြစ်သော “ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေးအဖွဲ့” နှင့် အောင်ဇမ္ဗူလူငယ်ဖွံ့ဖြိုးရေးအဖွဲ့တို့ထံ လှူဒါန်းမည်ဖြစ်သည်။

မနှစ်ကကျင်းပခဲ့သော YYIM 2015 မာရသွန်ပြေးပြိုင်ပွဲမှ ရရှိခဲ့သည့် ရန်ပုံငွေများကို ရန်ကုန်တိုင်းသန်လျင်မြို့နယ် ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေးအဖွဲ့က စောင့်ရှောက်ထားသော ကလေးငယ်များ၏ သက်မွေးမှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျပ် ၁၁ သန်းတန်ဖိုးရှိ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးစနစ်ကို တည်ထောင်တပ်ဆင်ပေးနိုင်ခဲ့သည်။

ဝင်ငွေနည်း ဝန်ထမ်းများအတွက် မြို့တော်စည်ပင်က ဖွင့်လှစ်ထားသောကုသိုလ်ဖြစ် နေ့ကလေးထိန်းဌာနအတွက် ကျပ်သန်း ၂၀ နှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ မိဘမဲ့ကလေးငယ် အများစုပါဝင်သော ကလေးငယ် ၁,၀၄၄ ဦးတို့၏ ပညာရေးအတွက် ကော့မှူးမြို့နယ်၊ ဆင်ခြံရွာတွင် ဖွင့်လှစ်ထားသော အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေးဌာနသို့ ကျပ်ငွေ ကိုးသန်း လှူဒါန်းပေးနိုင်ခဲ့သည်။

Frontier သတင်းအဖွဲ့

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.