ရွေးကောက်ပွဲကန့်ကွက်လွှာများ ကော်မရှင် စတင်စစ်ဆေးနေ

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၁၇ စောင်ရှိရှိသည့်အနက် သုံးစောင်အား ဒီဇင်ဘာ ၂၁ ရက်က ခုံအဖွဲ့ဖြင့် စတင်စစ်ဆေးနေပြီး ယနေ့တွင် နောက်တစ်စောင် စတင်နေပြီဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ် ကန့်ကွက်လွှာတင်သွင်းသည့် အယူခံတရားလိုများနှင့် အယူခံ တရားပြိုင်တို့၏ အမှုတွဲများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့က စစ်ဆေးလျက်ရှိရာ အမှုအမှတ် ၁၊ ၂ နှင့် ၃ တို့ကို ဒီဇင်ဘာ ၂၁ ရက်က စတင်စစ်ဆေးပြီး အမှုအမှတ် ၄ ကို ယနေ့ စတင်စစ်ဆေးနေခြင်းဖြစ်သည်။

အမှုအမှတ် ၄ မှာ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တအာန်းပလောင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းတစ်ဦးတို့ကို ထိုမဲဆန္ဒနယ်တွင် ဝင်ပြိုင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးအေးမောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ကန့်ကွက်လွှာ တင်သွင်းထားခြင်းဖြစ်သည်။

ရွေးကေက်ပွဲ ကော်မရှင်ထံသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်လွှာ ၁၁ စောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငါးစောင်နှင့် တအာန်းပလောင်အမျိုးသားပါတီက တစ်စောင် တင်ပြထားသည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar