ယာဉ်မတော်တဆမှုများကြောင့် သေဆုံးမှု ဆက်လက် မြင့်တက်

ယာဉ်မတော်တဆမှုများကြောင့် ၂၀၁၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးတွင် သေဆုံးသူ အရေအတွက် ၄,၀၀၀ ကျော်ရှိခဲ့ရာ ပြီးခဲ့သည့် လေးနှစ်အတွင်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်ကို နောက်ဆုံးထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ဇန်နဝါရီ ၇ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားချက်အရ ၂၀၁၅ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၅,၃၀၀ ဖြစ်ပွားခဲ့ပြီး လူ ၄,၂၃၃ ဦး သေဆုံးခဲ့သည်။ အဆိုပါနှုန်းမှာ ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လ ျှင် သေဆုံးသူ ၁၁ ဦးကျော်ရှိနေသည့် သဘောဖြစ်သည်။

၂၀၁၁ ခုနှစ်က ယာဉ်မတော်တဆမှု ၉,၇၆၂ မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂,၈၁၁ ဦး ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၁၄,၇၈၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄,၁၆၃ ဦးအထိ မြင့်တက်လာသည်။ သက်ဆိုင်ရာသို့ သတင်းမပို့သည့် ယာဉ်မတော်တဆမှုများလည်း ရှိနေရာ အမှန်တကယ်ဖြစ်ပွားသည့်အရေအတွက်မှာ တရားဝင်ထုတ်ပြန်သည့် အရေအတွက်ထက် များဖွယ်ရာရှိနေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အိန္ဒိယ၊ သီရိလင်္ကာနှင့် မြောက်ကိုရီးယားတို့အပါအဝင် ၁၁ နိုင်ငံပါဝင်သောအရှေ့တောင်အာရှဒေသ၏ ယာဉ်မတော်တဆမှုဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ၏ လူ ၁၀၀,၀၀၀ တွင် ယာဉ်မတော်တဆမှုကြောင့် ၁၅ ဦး သေဆုံးခဲ့သည်။ အဆိုးရွားဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး လူ ၁၀၀,၀၀၀ လ ျှင် ၃၈ ဒဿမ ၁ ဦးနှုန်း သေဆုံးနေသည်။

နှစ်စဉ် ကမ္ဘာတစ်ဝှမ်းတွင် ယာဉ်မတော်တဆမှုများကြောင့် လူ ၁ ဒဿမ ၂၄ သန်းခန့်သေဆုံးနေရာ တစ်နေ့လ ျှင် ၃၄၀၀ ဦးနှုန်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံကဲ့သို့ ဝင်ငွေအလယ်အလတ်တန်းရှိ တိုင်းပြည်များတွင် တစ်ကမ္ဘာလုံး ယာဉ်သွားလာမှု၏ ၅၀ ရာခိုင်နှုန်းသာ ရှိသော်လည်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးမှုများ၏ ၉၀ ရာခိုင်နှုန်းအထိ ရှိနေသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.