တရုတ်ကုမ္ဗဏီတစ်ခုက မြန်မာလက်နက်ကိုင်အဖွဲ့တစ်ခုကို ငွေကြေးများ ထောက်ပံ့ပေးနေ

ရန်ကုန်

အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာပါဝင်နေတဲ့ လိမ်လည်မှုတစ်ခုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့ တရုတ်ဘဏ္ဍာရေးကုမ္ဗဏီတစ်ခုက မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုကို ငွေကြေးထောက်ပံ့နေတယ်လို့ တရုတ်မီဒီယာများက ရေးသားထားကြပါတယ်။

အွန်လိုင်းကနေ ငွေချေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ Ezubo နဲ့ ပတ်သက်သူ ၂၁ ဦးကို ဖမ်းဆီးထားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ဖော်ဝါရီ ၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ထိုကုမ္ပဏီဟာ ရင်းနှီးမြုပ်နှံသူ တစ်သန်းခန့်ဆီက ယွမ် ၅၀ ဘီလျံ (ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံ) ကိုအလွဲသုံးစား ပြုလုပ်ထားသလို လက်နက်များလည်း တရားမဝင် ပိုင်ဆိုင်နေတယ်လို့ အာဏာပိုင်များက စွပ်စွဲထားပါတယ်။

ဖမ်းဆီးခံရသူများထဲမှာ Ezubo ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Yucheng Group က ဥက္ကဋ္ဌ Ding Ning လည်း ပါဝင်ပါတယ်။ Ding ဟာ တရုတ်နိုင်ငံအရှေ့ပိုင်းမှာ မွေးဖွားခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံသား ဖြစ်တယ်လို့ Caixan Online သတင်းက ဆိုပါတယ်။ ဒီဇင်ဘာလအတွင်းမှာ အာဏာပိုင်တွေက သူ့ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ရပ်တန့်လိုက်ပြီးနောက် Ding လည်း ဖမ်းဆီးခံခဲ့ရပြီး ရင်းနှီးမြုပ်နှံသူများက ကုမ္ပဏီရဲ့ ပေကျင်းရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Yucheng Group နဲ့ ၎င်းရဲ့ ကုမ္ပဏီခွဲဟာ တရုတ်နယ်စပ်က ဝ တပ်ဖွဲ့ (United Wa State Army-UWSA) ထံ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ပို့ခဲ့တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ စုံစမ်းထောက်လှမ်းမှုတွေနဲ့ နီးစပ်သူတွေ ပြောကြားချက်ကို ကိုးကားပြီး Caixan က ရေးသားခဲ့ပါတယ်။

Yuncheng ကုမ္ပဏီရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာတော့ ၎င်းတို့ဟာ UWSA ရုံးချုပ်ရှိတဲ့ ပန်ဆန်းက ကုန်သွယ်ရေးဇုံမှာ ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ ရင်းနှီးမြုပ်နှံဖို့ ဝဒေသ အာဏာပိုင်များနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

UWSA ဟာ မြန်မာနိုင်ငံက အကြီးဆုံးနဲ့ လက်နက်ကိရိယာ အပြည့်စုံဆုံး တိုင်းရင်းသား မဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး စစ်သားဦးရေ ၂၀,၀၀၀ ခန့်ရှိပါတယ်။ ယင်းအဖွဲ့ဟာ ၁၉၈၉ ခုနှစ်က တိုင်းရင်းသားအဖွဲ့အစည်းများအဖြစ် အဖွဲ့ကွဲခဲ့တဲ့ တရုတ်ကျောထောက်နောက်ခံပြု ဗမာပြည်ကွန်မြူနစ်ပါတီ အဖွဲ့များထဲက တစ်ခု ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးကုန်သွယ်မှုတွေမှာ ပါဝင်ခဲ့မှုကြောင့် နာမည်ကျော်တဲ့ UWSA ဟာ ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများက ဘိန်းခင်းများကို ရှင်းလင်းပြီးကြောင်း ကြေညာထားပါတယ်။ ကုလသမဂ္ဂ မူးယစ်မှုခင်းအဖွဲ့က ၂၀၁၄ မှာ ထုတ်ပြန်ခဲ့တဲ့စစ်တမ်းအရ ဝဒေသအတွင်း ဘိန်းစိုက်ပျိုးမှုကင်းစင်ကြောင်း ဖော်ပြထားပေမယ့် လေ့လာသုံးသပ်သူများကတော့ ယင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနဲ့ ကုန်သွယ်ခြင်းတို့မှာ ပါဝင်ပတ်သက်နေသေးတယ်လို့ ပြောဆိုထားကြပါတယ်။

UWSA အနေနဲ့ မကြာသေးခင်ကထွက်ရှိထားတဲ့ တရုတ်ထုတ် လက်နက်တွေဖြစ်တဲ့ 122m howitzer၊ anti-tank ဒုံးကျည်များနဲ့ လေယာဉ်ပစ်အမြှောက်များကို ဝယ်ယူခဲ့တယ်လို့ ကာကွယ်ရေးဆိုင်ရာ စာစောင်တစ်ခုဖြစ်တဲ့ Jane’s က ရေးသားထားပါတယ်။

UWSA နဲ့ မြန်မာအစိုးရကြား အပြန်အလှန် အပစ်အခတ်ရပ်စဲရေးကို ၁၉၈၉ ခုနှစ်ကတည်းက သဘောတူညီခဲ့တာဖြစ်ပြီး သမ္မတဦးသိန်းစိန်နဲ့ ဝဒေသ ခေါင်းဆောင်များ တွေ့ဆုံခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ သဘောတူညီမှုကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ UWSA အဖွဲ့ဟာ အစိုးရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်များနဲ့ တွေ့ဆုံဆွေးနွေးမှုကို လက်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားဟာ နယ်စပ်ကတစ်ဆင့် တရုတ်အာဏာပိုင်များရဲ့ အထောက်အပံ့များရရှိနေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့နှစ် မတ်လအတွင်းက ဗိုလ်ချုပ် Huang Xing ဟာ အကျင့်ပျက်ချစားမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထိန်းသိမ်းခံရပြီး နှစ်လအကြာမှာတော့ စစ်ခုံရုံးတင်ခံခဲ့ရပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက်များကို ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာ့အမျိုးသား ဒီမိုကရစ်တစ် စစ်တပ် (MNDAA) ထံကို ၂၀၀၉ ခုနှစ်မှာ ပေါက်ကြားစေခဲ့မှုနဲ့ Chinese Academy of Military Science က အရာရှိကြီး တစ်ဦးဖြစ်ခဲ့တဲ့ သူ့ကို အရေးယူခဲ့တာဖြစ်တယ်လို့ South China Morning Post သတင်းဌာနကဖော်ပြခဲ့ပါတယ်။

ထိုအချိန်က မြန်မာ့တပ်မတော်ဟာ MNDAA ဌာနချုပ်ဖြစ်တဲ့ လောက်ကိုင်ကို ထိုးစစ်ဆင်နေတဲ့အချိန်ဖြစ်ပြီး နှစ် ၂၀ ကြာ အပစ်အခတ်ရပ်စဲမှုလည်း ပျက်ပြားကာ ကိုးကန့် တပ်ဖွဲ့များလည်း တရုတ်နယ်စပ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ MNDAA မှ လောက်ကိုင်ဒေသကို မြန်မာအစိုးရထံမှ ပြန်လည်မသိမ်းယူနိုင်ခဲ့တဲ့ စစ်ဆင်ရေးကို ပြုလုပ်အပြီးမှာပဲ ဗိုလ်ချုပ် Huang ကို ဖမ်းဆီးစစ်ဆေးမှုကို ကြေညာခဲ့တာဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.