Episode 8: မသန်စွမ်းသူများ အခွင့်အရေး

ဒီတစ်ပတ်မှာတော့ မသန်စွမ်းသူတွေရဲ့ ပညာသင်ကြားဖို့အတွက် ကြုံ့တွေ့နေရတဲ့ အခက်အခဲတွေ၊ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ဘယ်လိုလုပ်ဆောင် ပေးသင့်တယ်ဆိုတာတွေကို ဒို့အသံက ရှာဖွေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နေ့အတွက် ရည်မှန်းကာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေအကြောင်း တင်ဆက်ပေးထားတဲ့ သတင်းဆောင်းပါးကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။