ဟောင်ကောင်ရုပ်ရှင်ရိုက်ကူးရန် ရန်ကုန်မြို့လယ် လမ်းမကြီးအချို့ ပိတ်မည်

ဟောင်ကောင်က အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Shaw Brothers International Ltd က ရုပ်ရှင်ဇာတ်ကား လာရောက် ရိုက်ကူးမှာဖြစ်တဲ့အတွက် ရန်ကုန်မြို့လယ်က လမ်းမကြီးအချို့ကို ရက်သတ္တပတ်တစ်ပတ်ခန့် ပိတ်ထားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ချက်အရ Line Walker-2 ((Operation Midnight Shadow) ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးမယ့် ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကြားတောရလမ်းအား ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှ ရေတာရှည်လမ်းအထိလည်းကောင်း၊ ရုပ်ရှင်အစမ်းလေ့ကျင့်မယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ ပိတ်ထားမှာဖြစ်ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ရိုက်ကူးမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်ရှေ့အထိ ပိတ်ထားမှာဖြစ်ပါတယ်။

ဆူးလေဘုရားလမ်းကိုလည်း အနော်ရထာလမ်း လူကူးခုံးကျော်တံတားကနေ ဆူးလေဘုရား လူကူးမျဉ်းကြား (မီးသတ်ဘက်အခြမ်း)အထိကိုဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၆ ရက်အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လမ်းပိတ်/လမ်းလွှဲထားမယ်လို့ ကြေညာထားပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကား ရန်ကုန်မြို့မှာ လာရောက်ရိုက်ကူးဖို့အတွက် ဖေဖော်ဝါရီ ၅ ရက်နေ့က ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က “ဟောင်ကောင်ရဲ့ အကျော်ကြားဆုံးဖြစ်တဲ့ Shaw Brothers International အနေနဲ့ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ရိုက်ကူးခြင်း ဖြစ်တာကြောင့် ဇာတ်လမ်းအရလည်း နိုင်ငံရဲ့ ပုံရိပ်ကို ပိုမိုမြှင့်တင်ပေးနိုင်မယ်လို့ မြင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ရိုက်ကူးမှုကြောင့် အများပြည်သူအတွက် စိတ်အနှောက်အယှက်မဖြစ်စေဘဲ ဖျော်ဖြေရေး အသွင်သဏ္ဍန်ဖြစ်စေလိုတယ်လို့လည်း ဦးဖေမြင့်က ပြောကြားခဲ့ပါသေးတယ်။

Line Walker 2 ကို ရန်ကုန်မှာ ရိုက်ကူးဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံကိုလည်း ကိုယ်စားလှယ်အဖွဲ့က နှစ်ကြိမ် သွားရောက်တွေ့ဆုံ ရှင်းပြခဲ့ပါတယ်။

ပထမဇာတ်ကားဖြစ်တဲ့ Line Walker ရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့ပြီး မှုခင်းအက်ရှင်ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းမှာ တရုတ်နဲ့ ဟောင်ကောင်တို့မှာ စတင်ပြသခဲ့ပါတယ်။

အဲဒီဇာတ်ကားဟာ တစ်ကမ္ဘာလုံးမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၂ သန်းရရှိခဲ့ပါတယ်။

အဲဒီဇာတ်ကားရဲ့ တစ်စိတ်တစ်ပိုင်းကို ဘရာဇီးနိုင်ငံမြို့တော် ရီယိုဒီဂျနေရိုမှာ ၁၂ ရက်ကြာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုရိုက်ကူးရာမှာ ရှုခင်းအစစ်တွေနဲ့ ရိုက်ကူးတာဖြစ်ပြီး ပေါက်ကွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်ခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ရိုက်ကွင်းမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ စက်အဖွဲ့သားတွေ လုံခြုံရေးအတွက် လုံခြုံရေးအဖွဲ့နှစ်ခုကို ၂၄ နာရီငှားရမ်းထားဖို့အတွက် ဟောင်ကောင်ဒေါ်လာ သန်းဂဏန်းအထိသုံးစွဲခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.