စာသင်ကျောင်းများအနီး၌ ဆေးလိပ်နှင့် မူးယစ်ဆေးကင်းစင်အောင် ဆောင်ရွက်ရန် သမ္မတတိုက်တွန်း

ကလေးသူငယ်များ မူးယစ်ဆေးကို လက်လှမ်းမမီစေရေးအတွက် စာသင်ကျောင်းများ၏ အနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေး ရောင်းဝယ်မှုများ ကင်းစင်စေအောင် ကြိုးပမ်းကြရန် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့ရဲ့ ကျောင်းသားလူငယ်တွေ မူးယစ်ဆေးဝါးကင်းစင်တဲ့ အနာဂတ် မျိုးဆက်သစ်တွေ ဖြစ်စေဖို့ဆိုရင် စာသင်ကျောင်းတွေ အနီးအနားမှာ ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ကင်းစင်စေဖို့နဲ့ လက်လှမ်းမီရရှိနေတာမျိုး မဖြစ်စေဖို့ ဦးစွာကြိုးပမ်းကြရာမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

ဇွန် ၂၆ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအား နေပြည်တော်၌ ကျင်းပစဉ် သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကင်းစင်အောင် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမများ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်လည်း ဦးဝင်းမြင့်က တိုက်တွန်းခဲ့သည်။

]မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျွန်တော်တို့တိုင်းပြည် အနာဂတ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြီးဖြစ်ကြောင်း၊ အားလုံးသိရှိနားလည် သဘောပေါက်အောင် မျှဝေပေးနိုင်ဖို့၊ မူးယစ်အန္တရာယ် ပညာပေးဟောပြောပွဲတွေ၊ ပြပွဲ၊ ပြိုင်ပွဲတွေကိုလည်း ကျောင်းသားလူငယ်တွေအတွက် အဆက်မပြတ် ဆောင်ရွက်ပေးကြပါ”ဟုလည်း ၎င်းက ပြောကြားသည်။

ရပ်ရွာလူထု အခြေပြု မူးယစ်အန္တရာယ် ကာကွယ်တားဆီးရေးနှင့် အသိပညာပေးရေး လုပ်ငန်းများကို အမျိုးသားရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဖော်ဆောင်ရန်နှင့် မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းများသာမက ထုတ်လုပ်သူများနှင့် မူးယစ်ရာဇာကြီးများ၏ သတင်းတွေကို တိတိကျကျ တိုင်ကြားပေးကြရန်လည်း သမ္မတက တိုက်တွန်းခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဆိုင်ရာမှုခင်းတွေ ဖြစ်ပွားမှုများပြားသည့် နယ်မြေများအလိုက် အထူးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ အထူးစစ်ဆင်ရေး ၂၅ ခု ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာသော်လည်း စိတ်ကြွဆေးဝါးများ ထုတ်လုပ်မှုက မြင့်တက်လာနေသည်ဟု သမ္မတက ပြောကြားသည်။

tz-6031.jpg

 title=

title=

မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုမှာ ၂၀၁၇ ခုနှစ်တွင် ဟက်တာ ၄၁,ဝဝ၀ ရှိခဲ့ပြီး ၅၅၀ မက်ထရစ်တန် ထွက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်မူ ဟက်တာ ၃၇,၃၀ဝ စိုက်ပျိုးပြီး ၅၂၀ မက်ထရစ်တန် ထွက်ရှိခဲ့ခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှု ၅ ဒသမ ၄၅ ရာခိုင်နှုန်း လျော့နည်းသွားသည်။

“ဒါပေမယ့် မူးယစ်ဆေးဝါးပြဿနာဟာ ကြီးမားကျယ်ပြန့်လာပြီး စိတ်ပြောင်းဆေးဝါး ထုတ်လုပ်မှုတွေဟာလည်း မြင့်တက်လာတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်နဲ့ မူးယစ်ဆေးဝါးတွေထုတ်လုပ်ရာမှာ အဓိကကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ အစပျိုးဓာတုပစ္စည်း အမြောက်အမြားကို အိမ်နီးချင်းနိုင်ငံ နယ်စပ်များမှတစ်ဆင့် တရားမဝင် သယ်ဆောင်ရောင်းဝယ်လာကြပြီး ဖမ်းဆီးရမိမှုများ မြင့်တက်လာကြောင်းလည်း တွေ့ရှိရပါတယ်။

“တစ်ဖက်မှာလည်း ထုတ်လုပ်မှုတွေ မြင့်တက်နေသလို လွယ်လွယ်ကူကူ ရရှိနိုင်မှုရဲ့ အကျိုးဆက်ကြောင့် သုံးစွဲမှုနဲ့ဝယ်လိုအားများ မြင့်တက်လျက်ရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေအကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက်လာတာနဲ့အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ များပြားလာတဲ့ ဆိုးကျိုး သံသရာကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် လှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဇွန် ၂၆ ရက်နေ့က တစ်ပြိုင်တည်း ကျင်းပခဲ့ပြီး ၂၀၁၈-၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မီးရှို့ဖျက်ဆီးခြင်းမျး ဆောင်ရွက်ခဲ့ကြသည်။ ထိုမီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်းကာလတန်ဖိုးသည် ကျပ် ၄၅၁၇၄၆ ဒသမ ၃၇၇၄၂ သန်း(အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၁၆၄၂၅၁၇ သန်း) ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.