ဒီတစ်ပတ်မှာတော့ ပင်လယ်ပြင် ကျားဖောင်တွေပေါ်မှာ ရေလုပ်သားတွေ ရိုက်နှက်နှိပ်စက်ခံရတာနဲ့ အမြတ်ထုတ်ခံနေကြရတာတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ အဲ့ဒီလိုခံစားနေရတဲ့ သူတို့အသံတွေကို ကြားရဖို့ခက်ခဲသလို ရေလုပ်သားဖြစ်ကြောင်း သက်သေပြဖို့ အထောက်အထားတစုံတရာလည်း သူတို့မှာမရှိကြပါဘူး။ ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။
နိုင်ငံတကာဝယ်လိုအား ကျဆင်းမှုနဲ့အတူ စစ်ကော်မရှင်ရဲ့စီးပွားရေး စီမံခန့်ခွဲမှုအလွဲတွေကြောင့် မတ်ပဲဈေးတွေ ကျဆင်းနေပြီး ဧရာဝတီတိုင်းက တောင်သူတွေ အကြွေးနွံတွေကြား နေ့စဥ်စားဝတ်နေရေးအတွက် အခက်တွေ့နေကြပါတယ်။
Rachel Moon ရေးသားသည်။