Wildlife conservation officials check the confiscated skin of a Sumatran tiger seized from a poacher in Banda Aceh, Indonesia. (AFP)
တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက အင်ဒိုနီးရှားဘန်ဒါအာဆေး၌ ဖမ်းမိသည့် ဆူမားထရားကျားအရေခွံကိုစစ်ဆေးစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

မြန်မာနိုင်ငံ ကျားနှင့်သင်းခွေချပ် မွေးမြူရေးကြောင့် မြင့်တက်လာမည့်ဝယ်လိုအား

သတင်း – အေအက်ဖ်ပီ

ကျားများ၊ သင်းခွေချပ်များနှင့် အခြားမျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်မျိုးစိတ်များကို စီးပွားဖြစ် မွေးမြုခွင့်ပြုမည့် မြန်မာနိုင်ငံ၏ဥပဒေ ရုတ်တရက်ပြောင်းလဲမှုက တရုတ်နိုင်ငံ၏ ရှားပါးတောရိုင်းတိရစ္ဆာန် ထုတ်ကုန် ဝယ်လိုအား ပိုမိုမြင့်မားဆိုးရွားစေနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက သတိပေးပြောကြားလိုက်သည်။

အရှေ့တောင်အာရှနိုင်ငံသည် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်မှု၌ အချက်အချာနေရာတစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဝယ်လိုအားအများဆုံး ကုန်သွယ်မှု တစ်ခုလည်းဖြစ်ကာ ကမ္ဘာတဝှမ်းတွင် ဒေါ်လာ ဘီလျံ ၂၀ ခန့် တန်ဖိုးရှိမည်ဟုခန့်မှန်းထားသည်။

ဇွန်လ တွင်  မြန်မာ့သစ်တောဦးစီးဌာနက ပုဂ္ဂလိကတိရစ္ဆာန်ရုံများကို ရှားပါးမျိုးစိတ် အမျိူးအစား ၂၀ အပါအဝင် တိရစ္ဆာန်မျိုးစိတ် ၉၀ မွေးမြူခွင့်ပြုမည့် လိုင်စင်လျှောက်ထားခွင့် တိတ်တဆိတ် ပြုခဲ့ကြောင်းသိရသည်။

အဆိုပါ မျှော်လင့်မထားသည့် လုပ်ရပ်က ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များကို အံ့အားသင့်စရာ ကောင်းလောက်အောင် ပြင်ဆင်ချိန် မရရှိစေခဲ့သော်လည်း သစ်တောဦးစီးဌာနကမူ တောရိုင်းတိရစ္ဆာန် မျိုးစိတ်များကို တရားမဝင်မွေးမြူခြင်းနှင့် ရောင်းချခြင်းတို့ကိုလျှော့ချရန် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ရှင်းချက်ထုတ်ပြန်ခဲ့သည်။

ယခုအခါ အလွန်အမင်း မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဆီယမ်မီးစ် မိကျောင်းမျိုးစိတ် Siamese crocodile ကို ၎င်း၏အသားနှင့် အရေခွံအတွက် မွေးမြုခွင့်ပြုခဲ့သည်။

သို့သော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ရေရှည်တွင် စီးပွားဖြစ်မွေးမြူရေးက မျိုးသုဉ်းမှု အန္တရာယ်ရှိသော မျိုးစိတ်များ၏ ဈေးကွက်ဝယ်လိုအားကို တရားဝင်ဖြစ်သွားစေနိုင်သည်ဟုဆိုသည်။

“ဈေးကွက်တစ်ခု ဖန်တီးပြီး တောရိုင်းတိရစ္ဆာန်ထုတ်ကုန်များ၏ ဝယ်လိုအားကို မြှင့်တင်ပေးခြင်းအားဖြင့် တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကို တိုးမြှင့်စေကြောင်း” WWF နှင့် Fauna & Flora International (FFI) ထိန်းသိမ်းရေးအဖွဲ့များက ပူးတွဲ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိထားသော သင်းခွေချပ်အကြေးခွံများကို ဟောင်ကောင်ရှိ ကွေချွန်းအကောက်ခွန်ဝင်းအတွင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြသထားစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကို ထိန်းညှိနိုင်စွမ်းမရှိခြင်းက တိရစ္ဆာန်များမှတဆင့် ရောဂါကူးစက်မှု အန္တရာယ်ကို မြင့်တက်စေပြီး တဖန် ကိုဗစ် ၁၉ ကဲ့သို့ ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေ အန္တရာယ် ရှိလာမည်ကို စိုးရိမ်မိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

မွေးမြုရေးလုပ်ငန်းက တောရိုင်းတိရစ္ဆာန်ထုတ်ကုန်များကို ခဝါချမှုအတွက် နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပြီး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ခက်ခဲသွားစေနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ တောရိုင်းကြောင်မျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Panthera မှ မစ္စတာ ဂျွန်ဂွတ်ဒရစ်ချ်က သတိပေးပြောကြားသည်။

မျိုးသုဉ်းမည့်အန္တရာယ်ရှိ မျိုးစိတ်များနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း CITES သည် အဆိုပါ မျိုးစိတ်အချို့ကို မွေးမြူခွင့်ပြုသော်လည်း တင်းကျပ်သော စည်းမျဉ်းများဖြင့် သာ ခွင့်ပြုထားသည်။

တောရိုင်းတိရစ္ဆာန်မျိုးစိတ်အများစု ဆုံးရှုံးခဲ့ရသော ထိုင်းနိုင်ငံ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ကဲ့သို့ မြန်မာနိုင်ငံလည်း ဖြစ်သွားမည်ကို စိုးရိမ်နေကြသည့် သဘောပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများက အဆိုပါကုန်ပစ္စည်းက ရဲတပ်ဖွဲ့၏ လုပ်ဆောင်နိုင်စွမ်းရည်ကို အငြင်းပွားဖွယ် ဖြစ်စေသည်ဟု ပြောကြသည်။

သစ်တောဦးစီးဌာနကမူ ယခု ပြဋ္ဌာန်းချက်ကို ဥပဒေနှင့်အညီ အပြည့်အဝ လိုက်နာပြီး ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ယင်းနယ်ပယ်ရှိ ကျွမ်းကျင်သူများ ပါဝင်တိုင်ပင်ဆွေးနွေးပြီးနောက်ရေးဆွဲခဲ့သည် ဟဆိုသည်။

စည်းမျဉ်းပြောင်းလဲမှုကြောင့် တရားမဝင်တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုကို ရပ်တန့်သွားစေရန် မကြာသေးမီ နှစ်များအတွင်း မြန်မာနိုင်ငံ၏ တိုးတက်မှုရလာသော လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သည်ဟု စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံသစ်တောများတွင် FFI အဖွဲ့အစည်းက တပ်ဆင်ထားသော ကင်မရာများမှတဆင့်  အဖိုးတန်မျိုးစိတ်သစ်များ တွေ့ရှိရသည်ဟု အဆိုပါအဖွဲ့က ဆိုသည်။

“အတတ်နိုင်ဆုံး ကာကွယ်သွားပါမယ်”ဟုထိုအဖွဲ့ကထည့်သွင်းပြောကြားသည်။

ခန့်လင်းဦး ဘာသာပြန်သည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.