Wave Money က ၂၀၁၈ အတွင်း ကျပ် ၂ ထရီလီယံ လွှဲပြောင်းပေးခဲ့

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ကျပ်ငွေ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ) လွှဲပြောင်းပေးခဲ့သည်ဟု Wave Money က ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကြေညာသည်။

Wave Money သည် မြန်မာနိုင်ငံအနှံ့တွင် အေးဂျင့် (ကိုယ်စားလှယ်) ဆိုင်ပေါင်း ၄၁,၀၀၀ ကျော်နှင့် လည်ပတ်လုပ်ကိုင်နေသော မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပြည်ပဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော တယ်လီနော်မြန်မာနှင့် FMI၊ ရိုးမဘဏ်၊ Yoma Strategic Holdings တို့နှင့် ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

“၂၀၁၈ ခုနှစ်ဟာ Wave Money အတွက် ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကျွန်တော်တို့ဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိတဲ့ ငွေကြေးတွေကို လည်ပတ်နိုင်ခဲ့ပါတယ်။ အဲဒီပမာဏဟာ မြန်မာ့ GDP ရဲ့ ၂ ရာခိုင်နှုန်းနီးပါးနဲ့ ညီမျှပါတယ်” ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ် Brad Jones က ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း အေးဂျင့်ကွန်ရက် သုံးဆနီးပါး တိုးတက်လာခဲ့ပြီး လူပေါင်း ခုနစ်သန်းကျော်အတွက် ငွေကြေးလွှဲပြောင်းမှုများကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်ဟုလည်း ၎င်းကပြောသည်။

ငွေလွှဲပြောင်းခြင်းကို တစ်နိုင်ငံလုံးရှိ Wave Money ဆိုင်များမှတဆင့် လုပ်ဆောင်ခဲ့ပြီး အချို့မှာ Wave Money ၏ မိုဘိုင်းဖုန်း ငွေပေးချေနိုင်မှုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ Wave Money အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ကိုယ်စားလှယ်တွေကို ဝန်ဆောင်ခအဖြစ် ကျပ်ငွေ ၁၉ ဘီလျံ (ဒေါ်လာ ၁၂ သန်း) ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဘဏ္ဍာငွေအတွက် အရမ်းကို အံ့မခန်းဖြစ်စေတဲ့ ပမာဏဖြစ်ပါတယ်” ဟုလည်း Wave Money ၏ အရောင်းမြှင့်တင်ရေးအရာရှိချုပ် Arvinder Grewal က ပြောကြားသည်။

Wave Money သည် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလိုင်စင်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရရှိခဲ့ပြီး ဝန်ဆောင်မှုများကို ထိုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.