စိန်ခေါ်မှုများ ရှိနေဦးမည့် တရုတ် မြန်မာ ဆက်ဆံရေး

တရုတ်မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းဆိုင်များ။ ဓာတ်ပုံ- အန်းဝမ်

တရုတ်မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းဆိုင်များ။ ဓာတ်ပုံ- အန်းဝမ်

အစိုးရသစ်ဟာ တရုတ်နိုင်ငံကို သတိကြီးစွာ ဆက်ဆံသွားနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားကြ ….

ပီတာ ဂျင်ဆင် ရေးသားသည်။

တရုတ်နိုင်ငံက စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်နေပေမယ့် မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်သူနဲ့ ရင်းနှီးမြုပ်နှံသူအဖြစ် ရပ်တည်နေမှုကိုတော့ ထိခိုက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိန်ခေါ်မှုများစွာကိုတော့ ရှေ့ဆက် ရင်ဆိုင်ရမှာ အမှန်ပါပဲ။

အရှေ့တောင်အာရှ နိုင်ငံတော်တော်များများက တရုတ်နိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံနေရပေမယ့် မြန်မာနိုင်ငံကတော့ မတ် ၃၁ ရက်မှာ ကုန်ဆုံးမယ့် ဘဏ္ဍာနှစ်အတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးရှစ်ရာခိုင်နှုန်း ရှိနိုင်တာကြောင့် ဒီဒဏ်ကို ခံခဲ့ရခြင်း မရှိခဲ့ပါဘူး။

တရုတ်နိုင်ငံဟာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ ၆၆၅ ဒသမ ၅ သန်းရင်းနှီးမြုပ်နှံထားပါတယ်။ စင်ကာပူနိုင်ငံကတော့ ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ ရင်းနှီးမြှတ်နှံထားတဲ့ စင်ကာပူက ရင်းနှီးမြှတ်နှံမှုဇယားမှာ ထိပ်ဆုံးက ရှိနေပြီး တရုတ်က ဒုတိယနေရာမှာ ရှိနေတယ်လို့ ရင်းနှီးမြှတ်နှံမှုနှင့် ကုမ္ဗဏီများညွန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

၁၉၈၉  ခုနှစ်ကနေ ယနေ့အချိန်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ဒေါ်လာ ၁၅ ဒသမ ၄ ဘီလျံ ရင်းနှီးမြှတ်နှံထားပြီး စင်ကာပူက ဒေါ်လာ ၁၀ ဒသမ ၉  ဘီလျံနဲ့ ထိုင်းက ဒေါ်လာ ၁၀ ဒသမ ၃ ဘီလျံ ရင်းနှီးမြှတ်နှံထားကြပါတယ်။

ကုန်သွယ်မှုအပိုင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံက ကုန်တင်ပို့မှုရဲ့  ၃၇ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကိုဖြစ်ခဲ့ပြီး သွင်းကုန် ၃၁ ရာခိုင်နှုန်းက တရုတ်နိုင်ငံက ဖြစ်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ ကုန်သွယ်မှုတွေရဲ့ တစ်ဝက်နီးပါးဟာ နယ်စပ်ကုန်သွယ်ရေးက တစ်ဆင့်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ကုန်သွယ်မှု အနည်းငယ် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုကတော့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၉ ဒသမ ၇ ဘီလျံရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုဝင်ဘာအထိ ဒေါ်လာ ၇ ဒသမ ၄ ဘီလျံရှိခဲ့တယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ကုန်သွယ်မှုအများဆုံးဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ပြီးခဲ့တဲ့နှစ် ဧပြီက နိုဝင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၃ ဘီလျံရှိခဲ့ကာ ၂၀၁၄-၁၅ ကတော့ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံရှိခဲ့ပါတယ်။

ကျောက်စိမ်းကုန်သွယ်ရေးကျဆင်းမှုဟာ ယခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ဝယ်လိုအား ကျဆင်းမှုနဲ့ အဓိက သက်ဆိုင်နေပါတယ်။ “နှစ်စဉ်ကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲမှာ ရောင်းအား ကျဆင်းခဲ့ရတာက ဒီအချက်ကြောင့်ဖြစ်တယ်”လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ကျောက်စိမ်းဝယ်လိုအား ကျဆင်းမှုဟာ မကြာသေးခင်က Global Witness က ထုတ်ပြန်ခဲ့တဲ့၂၀၁၄ ခုနှစ်အတွင်း ကျောက်စိမ်းရောင်းချရမှုက ဒေါ်လာ ၃၂ ဘီလျံရှိပြီး ယင်းငွေကြေးတွေဟာ သူဌေးများဆီကိုသာ ရောက်ရှိခဲတယ်ဆိုတဲ့ မှတ်တမ်းနဲ့ကြောင့် ကုန်သွယ်မှုတွေကို စိစစ်မှုတွေ ပြုလုပ်လာမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ 

ဒီအချိန်က အင်အားကြီး အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် ညှိနှိုင်းဖို့
မြန်မာနိုင်ငံအတွက် အကောင်းဆုံး အချိန်ပါပဲ။ ဒီလို ပြန်လည် ညှိနှိုင်းတဲ့နေရာမှာ
တန်းတူညီတူဖြစ်မှု အထူးသဖြင့် တရုတ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုကနေ မြန်မာအစိုးရနဲ့
ပြည်သူတွေ  အကျိုးအမြတ်တွေ ခံစားနိုင်ဖို့ပါပဲ

မြန်မာနိုင်ငံရဲ့ စစ်အစိုးရခေတ်မှာရှိနေခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စီပွားရေးအရ ပါဝင်ပတ်သက်မှုတွေဟာ နောက်လာမယ့် အစိုးရသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ တရုတ်နိုင်ငံရဲ့  ရင်းနှီးမြုပ်နှံမှုအများစုက ပွင့်လင်းမြင်သာမှု မရှိခြင်းနဲ့အတူ ယခင်စစ်အစိုးရခေတ်က မြန်မာနိုင်ငံရဲ့ သဘာဝ သံယံဇာတတွေကို အမြတ်ထုတ်ထားမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ အနောက်နိုင်ငံတွေထက် တရုတ်နိုင်ငံကို အဓိက စီးပွားရေး လုပ်ဖော်ကိုင်ဖက်အဖြစ် အလွန်အမင်း အားကိုးနေတာကလည်း စိုးရိမ်စရာ အချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရက နိုင်ငံကို နိုင်ငံရေးနဲ့ စီးပွားရေးအရ ပိုမိုပွင့်လင်းလာအောင် ဆောင်ရွက်လာတာ ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူ အများစုက ယုံကြည်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပြီးရင် ၂၀၁၁ ခုနှစ်မှာ တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်အား ခွဲဝေပေးမယ့် ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် မြစ်ဆုံရေအားလ ျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခဲ့တာက သမ္မတဦးသိန်းစိန်က သူရဲ့ သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ ဒုတိယမြောက် ပြောင်မြောက်တဲ့ နိုင်ငံရေး ရွှေ့ကွက်တစ်ခုအဖြစ် သမိုင်းဝင်သွားမှာပါ။

ဒီစီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ပြီးနောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်ခဲ့သလို တရုတ်လွှမ်းမိုးမှုခံထားရတဲ့ နယ်စပ်ဒေသတွေဖြစ်တဲ့ ကချင်၊ ကိုးကန့်နဲ့ ဝပြည်နယ်တွေနဲ့လည်း ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်မှုနဲ့ စတင်မယ့် အစိုးရသစ်ဟာ တရုတ်နိုင်ငံကို သတိကြီးစွာ ဆက်ဆံသွားနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားကြပါတယ်။

“တရုတ်နိုင်ငံတိုးတက်လာမှုက ကမ္ဘာကြီးကို ပြောင်းလဲစေသလို အထူးသဖြင့် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကိုလည်း အလွန်အကျိုးသက်ရောက်စေပါတယ်”လို့ သမိုင်းပညာရှင်နဲ့ Where China meets India: Burma and the New Crossroads of Asia စာအုပ်ရေးသားသူ ဦးသန့်မြင့်ဦးက ဇန်နဝါရီ ၁၂ ရက်က Froeign Policy မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။ “အသစ်တက်လာမယ့် အစိုးရအနေနဲ့ လုပ်ရမယ့်အဓိက အချက် နှစ်ချက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းနဲ့ ဆယ်စုနှစ် ခုနစ်ခုကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ဖြစ်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အဓိက ရင်းနှီးမြုပ်နှံသူနဲ့ ကုန်သွယ်သူ အဖြစ် ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

ယူနန်ပြည်နယ်ဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝပိုက်လိုင်းတွေကို အလွန်အားထားနေရပါတယ်။ “တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ စီးပွားရေးက မြန်မာနိုင်ငံအပေါ်မူတည်နေတယ်”လို့ ဦးသန့်မြင့်ဦးက ဆိုပါတယ်။

“ဒီအချိန်က အင်အားကြီး အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် ညှိနှိုင်းဖို့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး အချိန်ပါပဲ။ ဒီလို ပြန်လည် ညှိနှိုင်းတဲ့နေရာမှာ တန်းတူညီတူဖြစ်မှု အထူးသဖြင့် တရုတ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုကနေ မြန်မာအစိုးရနဲ့ ပြည်သူတွေ  အကျိုးအမြတ်တွေ ခံစားနိုင်ဖို့ပါပဲ”လို့ သူက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပိုပြီး တန်းတူညီတူရှိတဲ့ ကုန်သွယ်မှုတို့ကြောင့် နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဦးသန့်မြင့်ဦးက ဆိုပါတယ်။ “ဒီအချိန်က မြန်မာနဲ့ တရုတ်နိုင်ငံခေါင်းဆောင်တွေ ပြန်လည်ညှိနှိုင်းဖို့ အကောင်းဆုံး သဘောတူညီမှုတွေ ပြုလုပ်နိုင်မယ့် အချိန်ကောင်းပါပဲ”လို့ သူက ပြောကြားခဲ့ပါတယ်။

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.