ထိုင်းသံမဏိလုပ်ငန်းကြီး၏ ပြောကြားချက်ကို သီလဝါဇုန် အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ငြင်းဆို

ရန်ကုန်

သီလဝါအထူးစီးပွားရေးဇုန်ရှိ ၎င်းတို့စက်ရုံလည်ပတ်ခွင့် မရရှိသေးသောကြောင့် လုပ်ငန်းများ နှောင်းနှေးကြန့်ကြာပြီး ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်ဟု ထိုင်းသံမဏိလုပ်ငန်းကြီး၏ ပြောကြားချက်ကို သီလဝါအထူးစီးပွားရေးဇုန် အုပ်ချုပ်ရေးအဖွဲ့က ပြန်လည် တုန့်ပြန်ပြောကြားလိုက်သည်။

အထူးစီးပွားရေးဇုန်ကုမ္ဗဏီကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ဆိုသည့် Millcon Steel Plc ၏ ပြောကြားချက်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က ဘန်ကောက်ပိုစ့်သတင်းစာထံ ပေးပို့ခဲ့သည့် စာထဲတွင် ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ငြင်းဆိုထားသည်။ 

စက်ရုံလည်ပတ်ရေး နှောင့်နှေးနေမှုကြောင့် Millcon အနေဖြင့် ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်း) နစ်နာဆုံးရှုံးရသည်ဟုဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်သည့် ဘန်ကောက်ပို့စ်သတင်းစာက ကုမ္ဗဏီဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ် Sittichai Leeswadtrakul ၏ ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားသည်။

တာဝန်ရှိသူများက မည်သည့်အကြောင်းပြချက်မှ မပေးပဲ စာရွက်စာတမ်းများ ထပ်မံတောင်းဆိုနေသဖြင့် သံမဏိစက်ရုံလည်ပတ်ရေး လိုင်စင်ရရှိရေးမှာ မတ်လမှ မေလအထိ နှောင့်နှေးနေရသည်ဟု ၎င်းကပြောကြားထားသည်။

မေ ၄ ရက်နေ့က ဘန်ကောက်ပို့စ်သို့ ပေးပို့သည့် စာတွင်မူ စက်ရုံလည်ပတ်ရန် ခွင့်ပြုချက်မပေးမီ နောက်ဆုံးအဆင့် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ဦးဆက်အောင်က ရေးသားထားသည်။

“သို့သော်လည်း စက်ရုံတာဝန်ရှိသူများက တောင်းဆိုခြင်း၊ သို့မဟုတ် တနည်းဆိုရလ ျှင် ကုမ္ဗဏီက အဆင်သင့်မဖြစ်မချင်း ထိုကဲ့သို့ စစ်ဆေးမှုများကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ” ဟု ဦးဆက်အောင်က ရေးသားထားသည်။

“ဧပြီလအထိ Millcon က အဆင်သင့် ဖြစ်သေးပုံ မပေါ်ပဲ နောက်ဆုံးအဆင့် စစ်ဆေးမှုများ ပြုလုပ်ရန် အုပ်ချုပ်ရေးကော်မတီထံ တောင်းဆိုခဲ့ခြင်း မရှိပါ” ဟု ၎င်းက ရေးသားထားသည်။

ထို့ကြောင့် စက်ရုံစတင်လည်ပတ်ရန် နှောင့်နှေးမှုမှာ ဇုန်အုပ်ချုပ်ရေး ကော်မတီကြောင့် မဟုတ်ပဲ Millcon ကိုယ်တိုင်က နှောင့်နှေးနေခြင်း ဖြစ်သည်ဟု စာထဲတွင် ရေးသားထားသည်။

“Millcon ၏ ပြောကြားချက်ကြောင့် ရင်းနှီးမြှတ်နှံသူများအကြား နားလည်မှု လွဲမှားစေပြီး မြန်မာနိုင်ငံအတွက် နမူနာပြ အထူးစီးပွားရေးဇုန်၏ ပုံရိပ်ကို ထိခိုက်မည်ကို ကျွန်တော်အနေဖြင့် စိုးရိမ်ပူပန်မိပါသည်” ဟု ဦးဆက်အောင်က ရေးသားထားသည်။

ကြိုးနီစနစ်ကို ပယ်ဖျက်ပြီး လုပ်ငန်းဆောင်တာများအား ချောမွေ့စေရန် ခွင့်ပြုချက်ပေးသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံတကာအဆင့်နှင့်အညီ ပွင့်လင်းမြင်သာမှုအရှိဆုံးအဆင့်ဖြစ်အောင် ဆောင်ရွက်ထားသည့် စံပြစီးပွားရေးဇုန်တစ်ခုအဖြစ် ယခင်သမ္မတဦးသိန်းစိန်လက်ထက်တွင် သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဆက်အောင်က ရေးသားထားသည်။

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.