အနည်းဆုံး အခကြေးငွေကို ကျပ် ၄,၈၀၀ သတ်မှတ်ကြောင်း အစိုးရ ကြေညာ

မြန်မာတစ်နိုင်ငံလုံးအတွက် အနည်းဆုံးအခကြေးငွေနှုန်းထားအား တစ်ရက်လျှင် ကျပ် ၄,၈၀၀ နှုန်းအဖြစ် ယနေ့မှ စတင် သတ်မှတ်လိုက်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယနေ့ ကြေညာသည်။

“မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် အလုပ်အကိုင် အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တနာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် ရှစ်နာရီ (တစ်ရက်) အတွက် ကျပ် ၄,၈၀၀ ကျပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ယနေ့ထုတ်ပြန်သည့်နေ့မှစ၍ သတ်မှတ်လိုက်သည်” ဟု အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လက်မှတ်ရေးထိုးကာ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရဟုလည်း ဖော်ပြထားသည်။

အနည်းဆုံးအခကြေးငွေကို ယခင် ၃,၆၀၀ ကျပ်မှ ၄,၈၀၀ ကျပ်အထိ တိုးမြှင့်ပေးရန်အတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ပြီးခဲ့သည့် ဇန်နဝါရီလတွင် အဆိုပြုထုတ်ပြန်ခဲ့သည်။

ထိုအဆိုပြုထားသည့် နှုန်းထားကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလုပ်ရှင်နှင့် အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားနှင့် အလုပ်သမား အဖွဲ့အစည်းများ၏ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထောက်ခံခြင်းစသည့် သဘောထားမှတ်ချက်များကို ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ အဆိုပြုနှုန်းထားများ ပြန်လည်တင်ပြစေခဲ့သည်ဟု သိရသည်။

ထပ်မံအဆိုပြု တင်ပြသည့် အနည်းဆုံးအခကြေးငွေ နှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေနှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆေးနွေးပွဲများ ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အနည်းဆုံးအခကြေးငွေဥပဒေအရ နှစ်နှစ်ပြည့်တိုင်း အနိမ့်ဆုံး လုပ်ခလစာကို ပြန်လည်ချိန်ညှိ သတ်မှတ်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် လူနေမှုစရိတ်များ မြင့်မားလာမှုနှင့်အတူ အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားများက နှုန်းထား မြှင့်တင်ပေးရန် တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ပြင်ဆင်သတ်မှတ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (Federation of Trade Union of Myanmar)က ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုတွင် နှစ်လကြာ ပြုလုပ်ခဲ့သော လူနေမှုစရိတ် စစ်တမ်းအရ အနိမ့်ဆုံး တစ်နေ့လုပ်ခကို ကျပ် ၆,၆၆၀၊ သို့မဟုတ် တစ်လလျှင် ကျပ် ၁၉၈,၀၀၀ ကျပ်အထိ မြှင့်တင်ပေးရန် လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.