မြန်မာက လက်ရှိနှုန်းထက် ပိုမိုတိုးတက်နိုင်မည့် အလားအလာရှိဟု ကမ္ဘာ့ဘဏ်ပြော

ပုဂ္ဂလိက စီးပွားရေးကဏ္ဍ အားကောင်းလာအောင် ဆောင်ရွက်ပေးခြင်းအပါအဝင် တီထွင်နိုင်စွမ်းနှင့် လုပ်ရည်ကိုင်ရည်များ မြင့်တက်လာအောင် မြှင့်တင်ပေးပါက မြန်မာနိုင်ငံ၏ တိုးတက်နှုန်း လက်ရှိထက် ပိုမိုကောင်းမွန်လာမည်ဟု ကမ္ဘာ့ဘဏ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံက လက်ရှိနှုန်းထက်ကို ပိုမို၍ တိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Myanmar Sustainable Development Plan)သည် လူ့စွမ်းအား အရင်းအမြစ်၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို မြှင့်တင်ပေးနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ ဒီလို ဖြစ်လာဖို့ဆိုရင် တိုင်းပြည်မှာ တီထွင် ဖန်တီးနိုင်စွမ်းနဲ့ လုပ်ရည်ကိုင်ရည်တွေ မြင့်တက်လာအောင် မြှင့်တင်ပေးဖို့ လိုအပ်သလို ပုဂ္ဂလိက စီးပွားရေးကဏ္ဍကိုလည်း အားကောင်းလာအောင် ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Gevorg Sargsyan က နေပြည်တော်၌ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲ၌ ပြောကြားသည်။

မြန်မာ့ စီးပွားရေး စောင့်ကြည့် အစီရင်ခံခြင်း (MEM) အရ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် အမှန် ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ၂၀၁၆-၁၇ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်ှုန်းသို့ ရောက်ရှိလာသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။ ၂၀၁၈-၁၉ ခုနှစ်တွင်လည်း ၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဆက်လက် ကောင်းမွန်နေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသည့် စီးပွားရေး ဖွံ့ဖြိုးရေး တိုးတက်မှုအား ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရက ကြိုးပမ်း ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ် တာဝန်ရှိသူများ နေပြည်တော်၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်နိုင်ရန် အရေးပါသည့်အပြင် လတ်တလော လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲမှုများအား တွန်းအားပေးနိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ကာ လက်ရှိတွင် အပြီးသတ်ရေးဆွဲလျက်ရှိသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Myanmar Sustainable Development Plan-MSDP) အပေါ် အဓိက အခြေခံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ဖော်ပြထားသည့်အတိုင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အခြား စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်မှုများ ရရှိအောင် ဦးတည်ကြိုးပမ်းရာမှာ စီးပွားရေး တည်ငြိမ်မှုနှင့် မေခရိုစီးပွားရေး စီမံခန့်ခွဲမှု အားကောင်းမှုဟာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။ MSDP က နိုင်ငံအတွက် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်မှုတွေကို ယူဆောင်လာပေးမယ့် လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးကို အသုံးချနိုင်ဖို့ ရေးဆွဲထားခြင်းဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.