Seagram’s ဝီစကီအား မြန်မာနိုင်ငံ၌ မိတ်ဆက်ပေးရန် Pernod Ricard ရည်ရွယ်ထား

မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာသည့် ကမ္ဘာ့ ဒုတိယအကြီးဆုံး ဝိုင်နှင့် ယမကာ ကုမ္ပဏီကြီးဖြစ်သည့် Pernod Ricard က မြန်မာနိုင်ငံ၌ Seagram’s  အမှတ်တံဆိပ် ဝီစကီကို မိတ်ဆက်ပေးသွားရန် ရည်ရွယ်ထားသည်ဟု ပြောကြားသည်။

“မြန်မာနိုင်ငံမှာ Seagram’s အမှတ်တံဆိပ် ကုန်ပစ္စည်းကို မိတ်ဆက်မြှင့်တင်ပေးဖို့ Pernod Ricard က ရည်ရွယ်ပါတယ်။ Seagram’s ဟာ ၁၈၅၇ ခုနှစ်ကစပြီး ကမ္ဘာအနှံ့ အကောင်းစားဝီစကီတွေရဲ့ စံအမှတ်တစ်ခု ဖြစ်လာခဲ့တာပါ။ ယနေ့အခါမှာတော့ Seagram’s ဆိုတဲ့နာမည်ဟာ ကုန်ပစ္စည်းရဲ့ အရည်အသွေး၊ ယုံကြည်စိတ်ချရမှုနဲ့ ထိပ်တန်းမြောက်လက်ရာ ဆိုတာတွေကို ကိုယ်စားပြုနေပါတယ်” ဟု Pernod Ricard Asia ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Philippe Guettat က ပြောကြားသည်။

မြန်မာနိုင်ငံသို့ Pernod Ricard ပထမဦးဆုံး ဝင်ရောက်လာသည့် အထိမ်းအမှတ် ကုမ္ပဏီ မိတ်ဆက်ပွဲနှင့် ညစာစားပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ဇူလိုင် ၁၆ ရက်နေ့က ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။  

မြန်မာနိုင်ငံတွင် ဝီစကီယမကာ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို အဓိကထား ဆောင်ရွက်သွားရန်အတွက် Pernod Ricard သည် Yoma Strategic Holdings Ltd၊ Delta Capital Myanmar နှင့် ဝါရင့်အတွေ့ အကြုံရှိသူ ဦးထွန်းဝင်းနှင့် ဦးဇော်ဝင်းတို့၏ “Win Brothers” ကုမ္ပဏီတို့နှင့် ဖက်စပ်လုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ မေလက ထူထောင်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသည် Pernod Ricard က တိုက်ရိုက်လုပ်ငန်းခွဲများ တည်ထောင်ထားသည့် ၈၆ ခုမြောက် နိုင်ငံ ဖြစ်လာသည်။

“ဝိုင်နှင့် ယမကာတွေကို ကမ္ဘာအန့ှံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ Pernod Ricard ကုမ္ပဏီအနေနဲ့ မြန်မာ့ ဈေးကွက်မှာ ပထမဆုံး ဝင်ရောက် လုပ်ကိုင်ရတာဟာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စွန့်စားလုပ်ကိုင်မှု တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေကို မျှဝေပေးနိုင်ရေးအတွက် ဒေသတွင်း ဈေးကွက်ဦးဆောင်နေသူ ကုမ္ပဏီတွေနဲ့ လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့ မြန်မာ့ဈေးကွက်ကို ထောက်ပံ့ ကူညီသွားမှာဖြစ်ပါတယ်။ ဒါဟာ တိုးတက်များပြားလာတဲ့ လူလတ်တန်းစား စားသုံးသူတွေအတွက် နိုင်ငံတကာအဆင့် ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုကို ထူထောင်ပေးဖို့ဆိုတဲ့ Pernod Ricard ရဲ့ မဟာဗျူဟာနဲ့လည်း ကိုက်ညီပါတယ်” ဟု Philippe Guettat က ဆက်လက် ပြောကြားသည်။

ဝီစကီအမျိုးအစားကဏ္ဍတွင် Seagram’s ဝီစကီကို Chivas၊ Ballantine’s တို့နှင့်အတူ ထိပ်တန်းနေရာ ရရှိစေပြီး ဒေသတွင်း၌ Seagram’s ဝီစကီများကို လူကြိုက်များလာစေနိုင်ပါသည်ဟု Pernod Ricard ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.