မြန်နှုန်းမြင့် ဖိုင်ဘာအော့ပ်တစ် ဘရော့ဘန်းအင်တာနက်ကို MIH မိတ်ဆက်

ရန်ကုန်မြို့တွင်း ၂၃ မြို့နယ်အပြင် အခြားအဓိကနေရာတွေအတွက် ကွန်ရက်အင်အား 100 Gbps ရှိမယ့် ဖိုင်အာအော့ပ်တစ် ဘရော့ဘန်းအင်တာနက်ဝန်ဆောင်မှုကို Myanmar Information Highway (MIH) က စတင်မိတ်ဆက်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မြို့က လုပ်ငန်းတွေအနေနဲ့ ကမ္ဘာ့အဆင့် နည်းပညာ အသုံးပြုကာ ပိုမြန်ဆန်တဲ့ အင်တာနက်ဝန်ဆောင်မှု အသုံးပြုနိုင်စေဖို့ MIH က ကူညီ ဖြည့်ဆည်းသွားရန် ရည်ရွယ်ထားတယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

“ရနု်ကုန်ကို မြန်မာနိုင်ငံရဲ့ စီးပွားဗဟိုချက် ဂုဏ်ရည်တွေနဲ့ ပြည့်စုံစေရေးအတွက် MIH ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ် ကူညီဖို့ အသင့်ရှိပါတယ်” လို့ MIH ရဲ့ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ ဆန်တီ မက်ဟာဗီကူလ်က ပြောပါတယ်။

MIH ဟာ Benchachinda Holding Group ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ BCH Ventures Company Limited၊ ALT Telecom Company Limited၊ United Distribution Solution Company Limited၊ စီးပွားရေး မိတ်ဆွေတစ်ဦးနှင့် မြန်မာနိုင်ငံမှ A&F Communication Company Limited တို့ဖြင့် ၂၀၁၅ ခုနှစ်က တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

Benchachinda Holding Group ဟာ ထိုင်းနိုင်ငံမှာ လုပ်ငန်းအတွေ့အကြုံ ၃၆ နှစ် ရရှိထားပြီး MIH အနေနဲ့ ရန်ကုန်မှာ နည်းပညာမြင့်ပြီး လိုင်းဆွဲအားတည်ငြိမ်။ မြန်နှုန်းမြင့်မားသော အင်တာနက် ဝန်ဆောင်မှုကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

“MIH ရဲ့ ကွန်ရက်အင်အားဟာ 100 Gbps ထိ တည်ဆောက်ထားပြီး ဖြစ်တာကြောင့် ရန်ကုန်မှာ ဖိုင်ဘာ အော့ပ်တစ် ဘရော့ဘန်း အင်တာနက် မြန်နှုန်းအမြင့်ဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ လုပ်ငန်းတစ်ခုနေနဲ့ ရပ်တည်နိုင်နေပြီ ဖြစ်ပါတယ်။ MIH ရဲ့ နိုင်ငံတကာ မိတ်ဖက် ဆက်သွယ်ရေးလုပ်ငန်းတွေလည်း ရှိနေတာကြောင့် ရန်ကုန်က လုပ်ငန်းတွေ နိုင်ငံတကာ ဖြန့်ကျက်ပြီး အထိရောက်ဆုံး လုပ်ကိုင်နိုင်အောင် MIH က ကူညီပေးနိုင်မယ်လို့ ကျိန်းသေပေါက် ပြောနိုင်ပါတယ်” လို့ MIH ရဲ့ အထွေထွေ မန်နေဂျာ မစ္စတာ ပါဆာကွန် ဟွန်ဆော့ခ်က ပြောပါတယ်။

သူတို့အနေနဲ့ ရန်ကုန်မှာ ဖိုင်ဘာအော့ပ်တစ် ကွန်ရက်လိုင်းတွေ ချထားဖို့အတွက် ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ထံက ခွင့်ပြုချက်ကို ၂၀၁၇ ခုနှစ်တွင် ရရှိခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ထံကလည်း ၂၀၁၈ ခုနှစ်မှာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ဖြန့်ကျက်မှုနှုန်းဟာ ၁၁ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်လို့ International Telecommunication Union (ITU) ရဲ့  ၂၀၁၇ ခုနှစ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် နေရာအထိုင်ချထားတဲ့ ဘရော့ဘန်းစနစ်ကို အသုံးပြုမှုကတော့ ၀ ဒသမ ၅၄ ရာခိုင်နှုန်းပဲ ရှိသေးတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက အင်တာနက်သုံးသူအများစုဟာ မိုဘိုင်းအင်တာနက်ကိုပဲ အဓိက သုံးဆွဲနေကြပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.