မြန်မာနိုင်ငံ၌ ငွေသားမသုံးသည့်စနစ် ဖြစ်လာစေရန် ကူညီနေဟု UnionPay က ပြောကြား

မြန်မာနိုင်ငံ၏ ငွေပေးချေမှုဆိုင်ရာ အခြေခံ အဆောက်အဦးများကို ပြောင်းလဲပေးရန် အားထုတ်နေပြီး ငွေသားမသုံးသည့်စနစ်ဖြစ်လာစေရန် အထောက်အပံ့ပေးနေသည်ဟု နိုင်ငံတကာ ငွေပေးချေမှု ကွန်ရက်ဖြစ်သည့် UnionPay က ပြောကြားသည်။

“သဘာဝ သယံဇာတများ ကြွယ်ဝပေါများသော၊ ငယ်ရွယ်သည့် လူဦးရေများပြားသော ငွေပေးချေမှု နည်းပညာသစ်များကို လက်ခံလိုစိတ်လည်း ပြင်းပြသော မြန်မာနိုင်ငံသည် စီးပွားရေးဆိုင်ရာ အလားအလာ အများအပြား ရှိလာနိုင်ပြီး သမားရိုးကျ ငွေပေးချေမှု နည်းလမ်းများကို ကျော်လွန်၍ ငွေသားလုံးဝမသုံးသည့် အနေအထားတစ်ခု ဖြစ်လာနိုင်ရန်အတွက် အလားအလာ ရှိနေပါသည်” ဟု UnionPay International Southeast Asia မှ အထွေထွေမန်နေဂျာဖြစ်သူ Mr. Wenhui Yang က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောသည်။

မြန်မာနိုင်ငံသို့ UnionPay သည် ၂၀၁၂ ခုနှစ်တွင် စတင် ဝင်ရောက်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် UnionPay က ပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် AGD ဘဏ်နှင့် မိတ်ဖက်ဆောင်ရွက်ပြီး AGD Myanmar Payment Union (MPU) UnionPay Debit Card ပူးတွဲ အမှတ်တံဆိပ်ကို စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် ပထမဆုံး နိုင်ငံတကာ ငွေပေးချေမှုအမှတ်တံဆိပ် ဖြစ်လာသည်။ ထို့နောက် ထိုနှစ်အတွင်းမှာပင် UnionPay သည် AYA ဘဏ်နှင့် ပထမဆုံး မိတ်ဖက်ဆောင်ရွက်သည့် နိုင်ငံတကာ ငွေပေးချေမှုကွန်ရက် ဖြစ်လာခဲ့ပြီး AYA MPU UnionPay Credit Card ပူးတွဲအမှတ်တံဆိပ်ကို မိတ်ဆက်ပေးခဲ့သည်။ ယခုအခါ AGD၊ AYA၊ CB၊ KBZ၊ MAB နှင့် MOB ဘဏ်များနှင့် ပူးပေါင်းပြီး Prepaid ကတ်များ၊ Debit ကတ်များနှင့် Credit ကတ် အမျိုးမျိုးကို ထုတ်ဝေနေသည်ဟု UnionPay က ပြောကြားသည်။

“ငွေသားမသုံးသည့် ငွေပေးချေမှုနည်းလမ်းများ တစ်နေ့တစ်ခြား လိုအပ်မှုတို့ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ငွေပေးချေမှု ဝန်ဆောင်မှုများအတွက် ရွေးချယ်စရာများကို ပိုမို ပံ့ပိုးပေးနိုင်ရန် အားထုတ်လုပ်ဆောင်နေပါသည်” ဟု Wenhui Yang က ဆက်လက်ပြောကြားသည်။

၂ဝ၁၇ ခုနှစ်တွင် UnionPay နှင့် MPU သည် ချပ်စ်ပြားကတ်များအတွက် စံပြုထားသော လိုင်စင် သဘောတူညီမှုတစ်ခုကို ချုပ်ဆိုခဲ့ပြီး MPU သည် ကတ်ထုတ်ခြင်းနှင့် လက်ခံခြင်းတို့အတွက် UnionPay ချပ်စ်ပြားကတ် စံနှုန်းများကိုသာ တစ်ခုတည်းသော စံနှုန်းအဖြစ် အသုံးပြုရန် သဘောတူညီခဲ့ပါသည်။ UnionPay ချပ်စ်စံနှုန်းများပါရှိသည့် MPU ကတ်များကို လက်ရှိစမ်းသပ် စစ်ဆေးနေသည်ဟုဆိုသည်။

“ဒေသတွင်း အဖွဲ့အစည်းများနှင့် မိတ်ဖက်လုပ်ဆောင်ပြီး ဒေသတွင်း သုံးစွဲသူများနှင့် လုပ်ငန်းများ၏ ငွေပေးချေမှုဆိုင်ရာ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုဆိုင်ရာ ဆန်းသစ် တီထွင်သော ခေတ်တစ်ခေတ်ကို မွေးမြူပေးခြင်းဖြင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို အားလုံးအသုံးပြုစေနိုင်ရန် ကူညီနိုင်မည်ဖြစ်၍ စိတ်လှုပ်ရှား ဂုဏ်ယူနေပါသည်” ဟု Wenhui က ပြောသည်။

UnionPay International သည် နိုင်ငံနှင့် နယ်မြေပေါင်း ၅၁ ခု တွင် UnionPay ကတ်ပေါင်း သန်း ၇,၀၀၀ ကျော်ကို ထုတ်ပေးထားပြီး နိုင်ငံနှင့် နယ်မြေပေါင်း ၁၇၄ ခုမှ အရောင်းဆိုင်၊ ရောင်းချသူ ၅၂ သန်းနှင့် ATM ပေါင်း ၂ ဒသမ ၆ သန်းက လက်ခံအသုံးပြုနေသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.