မြန်မာနိုင်ငံကို အိုင်ယာလန်ကနေ အရောက်အပေါက် များလာစေဖို့က ကျွန်တော့်အလုပ်ပါ

အိုင်ယာလန်နိုင်ငံ၏ နိုင်ငံခြားရေးဌာနတွင် အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့အပြီးတွင် မစ္စတာ ဘရက်ဒန် ရောဂျားစ် Mr Bredan Rogers သည် ၂၀၁၄ ခုနှစ်တွင် ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ သံအမတ် ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် သမ္မတ ဦးထင်ကျော်ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့သည်။

ထိုအချိန်မှစပြီး သူသည် မြန်မာနိုင်ငံသို့ မကြာခဏ လည်ပတ်နေခဲ့သည်။ Frontier နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ သူနေထိုင်ချိန်များအကြောင်း၊ အိုင်ယာလန်မှ မြန်မာနိုင်ငံ လာရောက်နေထိုင်သူများအကြောင်း ယခုလ နှောင်းပိုင်းက ပြုလုပ်သည့် စိန့်ပက်ထရစ်ပွဲတော်အကြောင်း ပြောကြားခဲ့သည်။

ခင်ဗျားရဲ့ သက်တမ်းအတွင်း မြန်မာနိုင်ငံမှာ ဘာတွေ လုပ်ဆောင်ချင်ပါသလဲ။

မြန်မာနိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတို့က ကိုလိုနီ နောက်ခံသမိုင်းကြောင်း တူပါတယ်။ အိုင်ယာလန်နိုင်ငံက စာရေးဆရာတွေကို မြန်မာနိုင်ငံမှာ လူသိများကြပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိုင်ယာလန်နိုင်ငံမှာ လူသိများပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးတွေ တိုးမြှင့်ရပါဦးမယ်။

မြန်မာနိုင်ငံမှာ အိုင်ယာလန်ကနေ အရောက်အပေါက် များလာစေဖို့က ကျွန်တော့်တာဝန်ပါ။ နှစ်နိုင်ငံကြား ကုန်သွယ်ရေး တိုးမြှင့်ခြင်း၊ ယဉ်ကျေးမှု အဆက်အသွယ်များ တည်ဆောက်ခြင်း၊ ခရီးသွားလုပ်ငန်း တိုးမြှင့်ခြင်း လူတစ်ဦးချင်း ဆက်ဆံရေး တိုးမြှင့်ခြင်း၊ နေရာတိုင်းတွင် နားလည်မှုများ တိုးမြှင့်ခြင်းတို့ ဖြစ်ပါတယ်။

ကျွန်တော်က မြန်မာနိုင်ငံမှာ နေထိုင်သူ မဟုတ်ပေမဲ့ မြန်မာနိုင်ငံကို မကြာခဏ လည်ပတ်ချင်ပါတယ်။ ဒီနိုင်ငံက ခေါင်းဆောင်တွေ၊ လူတွေနဲ့လည်း ထိတွေ့ချင်ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ အိုင်ယာလန် လူ့အဖွဲ့အစည်းနဲ့လည်း ထိတွေ့ချင်ပါတယ်။ အိုင်ယာလန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ပိုမိုလာရောက် လုပ်ဆောင်တာကို မြင်ချင်ပါတယ်။ အိုင်ယာလန်နိုင်ငံက ခရီးသွားတွေ မြန်မာနိုင်ငံကို ပိုမိုလာရောက် လည်ပတ်တာကို မြင်ချင်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေစဉ်မှာ ပျော်ရွှင်စရာ၊ အံ့သြစရာကောင်းတဲ့ အတွေ့အကြုံက ဘာဖြစ်မလဲ။

အိုင်ယာလန်နိုင်ငံမှာ “Céad Míle Fáilte” ဆိုတဲ့ ဆိုရိုးစကား ရှိတယ်။ အဲဒါက အခါတစ်ထောင်မက ကြိုဆိုပါတယ်လို့ အဓိပ္ပာယ်ရတယ်။ အိုင်ယာလန်နိုင်ငံသားတွေက ကမ္ဘာပေါ်မှာ ဖော်ရွေကြိုဆိုတတ်တဲ့ လူမျိုးတွေပဲ။ ကျွန်တော့်ကိုလည်း မြန်မာနိုင်ငံသားတွေက ဒီလိုပဲကြိုဆိုကြပါတယ်။ မြန်မာနိုင်ငံသားတွေက ဖော်ရွေတယ်။ ရက်ရောတယ်။

ရန်ကုန်မြို့တစ်လျှောက် သွားနေရရင် ပျော်ရွှင်တယ်။ ကျွန်တော်က လမ်းလျှောက်သွားရတာ ကြိုက်တယ်။ ဈေးတွေကို သွားတာများတယ်။ ပြီးခဲ့တဲ့ ၈ လအတွင်းမှာ မြန်မာနိုင်ငံကို ၄ ခါ လာရောက်လည်ပတ်ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက် အများစုကလည်း မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ ကျွန်တော်က ရန်ကုန်နဲ့ နေပြည်တော်အပြင် တခြားနေရာတွေကိုလည်း သွားချင်တယ်။ မြန်မာနိုင်ငံမှာ အိုင်ယာလန်သံရုံးရှိလို့ သူတို့က သဘောကျကြတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အိုင်ယာလန် လူ့အဖွဲ့အစည်းက နည်းပါးလွန်းတယ်။ ဒါပေမဲ့ သူတို့က ဖော်ရွေ ကြိုဆိုကြတယ်။ သူတို့က အလုပ်လာလုပ်ကြတာ။ သူတို့က NGOs တွေနဲ့ UN မှာ လုပ်ကြတယ်။ တချို့တွေက စာသင်တယ်။ သေးငယ်တဲ့ လူ့အဖွဲ့အစည်းဖြစ်တော့ သူတို့က စုစည်းမှု ရှိကြတယ်။ ထိုင်းနိုင်ငံမှာ အိုင်ယာလန် လူ့အဖွဲ့အစည်းက ကြီးမားတယ်။ တက်ကြွလှုပ်ရှားနေကြတယ်။ ဒါမျိုးကို မြန်မာနိုင်ငံမှာလည်း ရှိစေချင်တယ်။

ဒီနှစ် စိန့်ပက်ထရစ်ပွဲတော်မှာ ဘာတွေ မျှော်မှန်းနိုင်သလဲ။

၂၀၁၇ ခုနှစ်စကတည်းက St Patrick Day အတွက် ပြင်ဆင်ထားပါတယ်။ မတ်လ ၂၅ ရက်နေ့မှာ လုပ်ဆောင်မှာပါ။ အိုင်ယာလန် လူ့အဖွဲ့အစည်းတွေ သူတို့ရဲ့ မိတ်ဆွေတွေ လာရောက်ချင်တဲ့ ပရိသတ်တွေအတွက်ပါ။ အိုင်ယာလန်နိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းက တေးဂီတအဖွဲ့တွေ လာရောက်ဖျော်ဖြေပါမယ်။ အိုင်ယာလန်ရိုးရာ အစားအသောက်တွေနဲ့ ရယ်မောပျော်ရွှင်ရပါမယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

စိန့်ပက်ထရစ်ပွဲတော်ကို မတ်လ ၂၅ ရက်က စမ်းချောင်းပန့်ဟောက်မှာ ကျင်းပခဲ့ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.