အင်န်အယ်လ်ဒီ အစိုးရသစ် ရင်ဆိုင်ရမည့် ပြဿ နာများ ရှိနေသည်

ဟန်းစ် ဟာ့စ် ရေးသားသည်

မြန်မာနိုင်ငံတွင် နောက်တက်မည့် အစိုးရသည် ကြီးမားသော လုပ်ငန်းတာဝန်ကြီးများကို ရင်ဆိုင်ဖြေရှင်းရလိမ့်မည်။ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့တွင်လည်း ဘဏ္ဍာငွေ မလုံလောက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စုသို့ ကူးပြောင်းရေးမှာလည်း ပြီးဆုံးရန် လမ်းစမမြင်သေး။

နိုင်ငံ့စီးပွားရေးကိုလည်းလူ့မလိုင် အခွင့်ထူးခံများကသာ ဦးစီးချုပ်ကိုင် ထားကြသည်။ နိုင်ငံသားတို့၏ ဆင်းရဲမွဲတေမှုမှာ တိုးပွားပျံနှံ့၍သာ လာနေသည်။ ဤပြဿ     နာများကို ကိုင်တွယ်လုပ်ကိုင်နိုင်ဖို့ အခွန်စနစ်မှာလည်း မှန်ကန်လုံလောက်မှု မရှိချေ။

နိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့် ဘာသာရေးကိုးကွယ်မှု ဆိုင်ရာ သန်းခေါင်စာရင်းများ နောက်ထပ်ထွက်ပေါ်လာလျှင် လူမျိုးရေးမငြိမ်သက်မှုများ ဖြစ်ပေါ်ကောင်း ဖြစ်လာနိုင်စရာ အလားအလာလည်း ရှိနေသည်။

အကြောင်းမှာ နိုင်ငံတွင်း အစ္စလာမ်ဘာသာ ကိုးကွယ်သူဦးရေမှာ ၁၉၈၃ ခုနှစ်ကထက် ရာခိုင်နှုန်းများစွာ ပိုမိုလာသည်ကိုတွေ့ရမည် ဖြစ်၍ မ ဘ သ ကဲ့သို့ အစွန်းရောက် ဘာသာရေးအဖွဲ့များက ဤသည်ကို အခွင့်ကောင်းယူကာ အစိုးရသစ် အခက်တွေ့အောင် လုပ်လာနိုင်သောကြောင့် ဖြစ်သည်။

လောလောဆယ်တွင် သက်တမ်းကုန်ဆုံးတော့မည့် ပါလီမန်နှင့် အစိုးရတို့သည် အသုံးစရိတ် လိုငွေများကို ငွေစက္ကူသစ်များ ရိုက်ထုတ်ဖြည့်တင်းနေသဖြင့် ငွေကြေးဖောင်းပွမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိရာ နောက်တက်လာမည့် အစိုးရသစ်ကို အမွေဆိုးများ ချန်ထားခဲ့သလို ရှိနေတော့သည်။

အင်န်အယ်လ်ဒီ အစိုးရသစ်သည် အာဏာနှင့် အတူပါလာမည့် အန္တရာယ်များကိုလည်း သိရှိထားဖို့ လိုသည်။ သူရရှိမည့် အုပ်ချုပ်ရေးအာဏာမှာ အကန့်အသတ်နှင့်သာ ရရှိမည်ဖြစ်သောကြောင့်လည်း ရဲတပ်ဖွဲ့၊ တရားရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးမှာ တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည် ဖြစ်သည်။ တိုင်းရင်းသားတို့နယ်မြေတွင် တစ်ဘက်သတ် စစ်ဆင်ရေးများ ပြုလုပ်လိုက်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အလွယ်တကူပင် လမ်းကြောင်းပြောင်းသွားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတဖြစ်ခွင့် ပြုမည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) ကိုပယ်ဖျက်ပေးရန် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်က လိုက်လျောလာနိုင်ကြောင်းကိုလည်း ပြောဆိုမှုများ ရှိနေသည်။

သို့သော် သမ္မတဖြစ်ခဲ့သော်မှ လုပ်ပိုင်ခွင့်အာဏာမှာ အကန့်အသတ်နှင့်သာရှိပြီး တစ်စုံတရာ ပြဿနာများ ပေါ်ပေါက်ခဲ့သော် သမ္မတကိုသာ အပြစ်ပုံချကြမည်ဖြစ်ရာ ဒေါ်စု၏ သမ္မတရာထူးမှာ သကြားဖုံးထားသော အဆိပ်ဆေးလုံးနှယ် ဖြစ်နေသည်။ ဒေါ်စုမှာ မြန်မာနိုင်ငံကို တစ်ဦးတည်း အုပ်ချုပ်ရတော့မည်။ ထောင်ချောက်ထဲ ကျဆင်းသွားပါက ဒေါ်စု၏ ဂုဏ်သိက္ခာ အလျင်အမြန် ကျဆင်းသွားနိုင်သည်။

နောက်ဖွဲ့စည်းမည့် အစိုးရသစ်တွင် အခြားနိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်လာနိုင်သည်ဟု ဒေါ်စုက ပြောကြောင်း လွန်ခဲ့သော သီတင်းပတ်အတွင်းက ကြားသိရသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုသာမက အုပ်ချုပ်သူနှင့် အတူပါလာမည့် အန္တရာယ်ကို ဖြန့်ကျက်ချထားရန်လည်း ဖြစ်မည်။

“ကျွန်မ အရင်ပြောခဲ့တဲ့ အတိုင်းပါပဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်မှုကို အခြေခံပြီး ကျွန်မတို့ရဲ့အောင်မြင်မှုကို တခြားလူတွေအားလုံးနဲ့မျှဝေပြီး ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု နိုဝင်ဘာ ၂၆ ရက်နေ့ အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်နှင့် အင်တာဗျူးမှာ ဒေါ်စုက ပြောသွားသည်ဟု ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

“မှန်ပါတယ်၊ အင်န်အယ်လ်ဒီကတော့ ဦးဆောင်မှာပါ၊ ဒါက ကျွန်မတို့ရဲ့ မေတ္တာရပ်ခံချက်ကို တုန့်ပြန်ပြီး လူထုက ပေးလိုက်တဲ့ လုပ်ပိုင်ခွင့်ပါ” ဟုလည်း ဒေါ်စုက ထည့်သွင်းပြောကြားခဲ့သည်။

အင်န်အယ်လ်ဒီ အစိုးရအဖွဲ့တွင် တိုင်းရင်းသားဝန်ကြီးများ ပါဝင်ရေးမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် လွန်စွာအရေးပါသည်။ တိုင်းနှင့်ပြည်နယ် လွှတ်တော် ၁၄ ခုတွင် အင်န်အယ်လ်ဒီက ၁၂ ခုတွင် အများစုအသာမဲဖြင့် အနိုင်ရခဲ့သည်ဖြစ်ရာ တိုင်းရင်းသား လူနည်းစုများက ဗမာများ၏ လွှမ်းမိုးမှု ခံနေရသည်ဟု ခံစားရစေနိုင်သောကြောင့် ဖြစ်သည်။

အင်န်အယ်လ်ဒီအဖို့ တိုင်းရင်းသားလူနည်းစုများ အပါအဝင် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဆင့်တွင်လည်းကောင်း ပြည်ထောင်စုအစိုးရအဆင့်တွင် လည်းကောင်း ပါဝင်ပတ်သက်နေကြမည်ဆိုက အင်န်အယ်လ်ဒီအတွက် ပို၍ကောင်းပေသည်။

အာရ်အက်ဖ်အေ မြန်မာပိုင်းအသံလွှင့်ဌာနကို အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်စု၏ ပြောကြားချက် ရှိလင့်ကစား လုပ်ပိုင်ခွင့်အာဏာကို မည်သည့်အတိုင်းအတာအထိ ဒေါ်စုက ခွဲဝေပေးလိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

အင်န်အယ်လ်ဒီပါတီက ရွေးချယ်လိုက်သော သမ္မတသည် မည်သူပင်ဖြစ်စေ ယင်း၏ထိန်းချုပ်ကွပ်ကဲမှု အောက်တွင် ရှိမည်ဟုတော့ ဆိုခဲ့ပေရာ သမ္မတအပေါ် လွှတ်တော်၏ သုံးသပ်ထိန်းညှိမှု ရှိစေမည် ဖြစ်သည်။ လူထုအကြား ထင်ပေါ်ကျော်ကြားပြီးဖြစ်သော အလားအလာကောင်းသည့် ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲမတိုင်မီက အင်န်အယ်လ်ဒီပါတီမှ ဝင်ရောက်အရွေးခံရန် ကမ်းလှမ်းချက်ကို အင်န်အယ်လ်ဒီက ငြင်းပယ်ခဲ့သဖြင့် လူထုအကြား စိတ်ဝေဝါးမှုများလည်း ဖြစ်ခဲ့ရသည်။

အင်န်အယ်လ်ဒီ အစိုးရအဖွဲ့တွင် အင်န်အယ်လ်ဒီ ပါတီဝင်မဟုတ်သူများထဲမှ ဝန်ကြီးရာထူးခန့်အပ်မှု ရှိခဲ့လျှင် ထိုသူများအား မိမိ၏ရာဇပလ္လင်ကို အံတုသူများအဖြစ် ဒေါ်စုက ရှုမြင်လိမ့်မည် မဟုတ်ဘဲ လှိုင်းတံပိုး ထူပြောလှသည့် ခက်ခဲလှမည့် အကူးအပြောင်းအဏ္ဏဝါခရီးကြမ်းတွင် ဒီမိုကရေစီ ရွက်သင်္ဘောငယ်ကို အောင်မြင်စွာ ကျော်လွှားဖြတ်သန်းကြရာတွင် လိုအပ်သော လုပ်ဖော်ကိုင်ဖက်များအဖြစ်သာ ဒေါ်စုက ရှုမြင်လိမ့်မည်ဟု ယူဆရပါသည်။

ခက်ခဲရှုပ်ထွေးလှသော မြန်မာ့နိုင်ငံရေးတွင် ရာထူးအာဏာမက်မောလွန်းသူများ ပါဝင်လာပါက အန္တရာယ်ရှိနိုင်သည်။ ပိုမို၍ ကောင်းမွန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ရောက်ရှိနိုင်ရန် ခက်ခဲသည့် ကာလတစ်ခုကို ဖြတ်သန်းကြရာတွင် စစ်တပ်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်ရန်လည်း လွန်စွာအရေးကြီးလှပါသည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.