ဟားခါးပေါက်ကွဲမှု ခြောက်ဦးသေ၊ ဗုံးကွဲခြင်းမဟုတ်ဟု ရဲဌာနကောက်ချက်ချ

ကျော်ဖုန်းကျော် ရေးသားသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေည ၁၁ နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူခြောက်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိသွားသည်ဟု ချင်းပြည်နယ်ရဲစခန်းမှ ရဲအုပ် သန်းကျော်ဌေးက Frontier သို့အတည်ပြုပြောကြားသည်။

သို့သော် ပေါက်ကွဲမှုသည် “အကြမ်းဖက်မှုအသွင်ဆောင်သော ဗုံးပေါက်ကွဲမှု၊ ဖောက်ခွဲမှု” မဟုတ်ဟု တွေ့ရှိသည့်အထောက်အထားများအရ ရဲဌာနက ကောက်ချက်ချထားကြောင်း သူကဆက်ရှင်းပြသည်။

“ဗုံးပေါက်ကွဲရင် အထောက်အထား၊ လက်စလက်န ကျန်ကိုကျန်ခဲ့ပါတယ်။ အခုက ဗုံးလို့ယူဆစရာ အထောက်အထားတစုံတရာမတွေ့ပါဘူး။ အဲဒီဒေသဘက်မှာက ကျောက်တောင်တွေဖောက်ခွဲဖို့ သုံးတဲ့ယမ်းတွေ အန္ဒိယဖက်ကနေတရားမဝင် ဝင်တယ်။ အဲဒီဟာကို သိုလှောင်ထားရာကနေ ပေါက်ကွဲမှုဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်”ဟု ရဲအုပ်သန်းကျော်ဌေးက ဆက်ရှင်းပြသည်။

အဆိုပါရဲအရာရှိ၏ပြောစကားကို ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင်ထိုနေရာသို့ရောက်ရှိသွားခဲ့သည့် ချင်းပြည်နယ်အခြေစိုက် သတင်းထောက် ဆလိုင်းဗလေဇာကလည်း သဘောတူသည်။

“ဒီဘက်မှာကလမ်းတွေကဖောက်နေတယ်၊ နောက်ပြီးကျောက်တုံးတွေပေါတော့ ယမ်းအကူအညီယူပြီဖောက် ခွဲရတာတွေရှိတယ်။ ဒါပေမဲ့ယမ်းသိုလှောင်ရောင်းဝယ်တာတရားမဝင်ဘူးဗျ။ ပေါက်ကွဲမှုပမာဏကို ကြည့်ခြင်းအားဖြင့် သိမ်းဆည်းထားတဲ့ယမ်းပမာဏ အတော်များတယ်လို့ယူဆရတယ်”ဟု သူကဆိုသည်။

“ပေါက်ကွဲတာကတော့ အိမ်တစ်လုံးလုံး ရစရာမရှိလောက်အောင်ဖြစ်သွားတာဗျ၊ နောက်ပြီးအနီးအနားက အိမ် လေးငါးလုံးလည်း တစ်ခြမ်းစီလောက်စီပါသွားတယ်။ ဒါကြောင့် တချို့သူတွေထင်မြင်ချက်ပေးနေသလို ဂက်စ်အိုးပေါက်ကွဲတယ်ဆိုတာမဖြစ်နိုင်ပါဘူး”ဟုသူက Frontier ကိုပြောသည်။

သေဆုံးသွားသူခြောက်ဦးအနက် ငါးဦးမှာ ထိုအိမ်မှ မိသားစုဝင်များဖြစ်ကြပြီးတစ်ဦးမှာ ဧည့်သည်အမျိုးသမီးဖြစ်ကြောင်း၊ လတ်တလောတွင် ထိုအမျိုးသမီးကို ပေါက်ကွဲသည့်ပစ္စည်းများသယ်ဆောင်လာသူဟု သံသယရှိနေကြကြောင်း သူကဆက်ပြောသည်။ 

“လောလောဆယ်တော့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေတုန်းပါပဲ”ဟု ပြည်နယ်ရဲစခန်းမှ ရဲအုပ် သန်းကျော်ဌေးကဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်းမီးငြှိမ်းသတ်ခြင်း၊ အလောင်းများကို သယ်ထုတ်ခြင်း၊ ဒဏ်ရာရသူများကို ကူညီကယ် ဆယ်ခြင်းများကို ဒေသခံလူငယ်များက ဆောင်ရွက်ခဲ့ရပြီး အစိုးရဘက်မှ မိနစ် ၂၀ ခန့်ကြာပြီးမှရောက်လာခဲ့ သည်ဟု သတင်းထောက် ဆလိုင်းဗလေဇာကဆိုသည်။

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.