၂၀၁၅ ခုနှစ်အတွင်း လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များ (အပိုင်း-၁)

၁. ဦးသန်းရွှေ – အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး

typeof=

လွန်ခဲ့တဲ့ ၁၂ နှစ်က နိုင်ငံတော်အတွက် ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်တဲ့အချိန်မှာ ဦးသန်းရွှေက သူ့ရဲ့ စီမံကိန်းတွေကို ထည့်သွင်းခဲ့ပါတယ်။ ရွေးကောက်ပွဲအပါအဝင် ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာတွေအားလုံးက ချမှတ်ခဲ့တဲ့ လမ်းစဉ်အရပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအတွင်းက သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာမှာလည်း သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အရင် စစ်ဘက် ထိပ်တန်း အကြီးဆုံး အာဏာရှင်ဟာ ဒေါ်စုကို သမ္မတရာထူးအတွက် အာမခံပေးခဲ့ပြီး သူ့အနေနဲ့ စစ်တပ်အတွင်း ဆက်လက် ဦးဆောင်မှုအတွက် သဘောတူညီချက် အလဲအလှယ် လုပ်ခဲ့သလား ဆိုတာကိုတော့ အားလုံးက သိချင်နေကြပါတယ်။

၂. ဒေါ်အောင်ဆန်းစုကြည် – ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သူ

typeof=

သူ့ရဲ့ လုပ်ဆောင်မှုတွေထဲမှာ အငြင်းပွားစရာအချက်တွေ ပါဝင်ခဲ့တယ်ဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ အပြည့်အဝ ထောက်ခံမှုကို ဆက်လက်ရရှိထားဆဲ ဖြစ်ပါတယ်။ သူခံယူထားတဲ့ အနာဂတ်အစီအစဉ်အတိုင်း တိုင်းပြည်ကို သူ အုပ်ချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ မျှော်လင့်ချက်များစွာ ထားရှိခံထားရတဲ့ သူ့ရဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကို အချိန်ဘယ်လောက်ကြာကြာ ရယူနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၃. ဦးသိန်းစိန် – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ

typeof=

သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများကို ၂၀၁၁ ခုနှစ်က စတင်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ပါတီတွင်း ဥက္ကဋ္ဌအာဏာ အားပြိုင်ပွဲမှာလည်း အနိုင်ရရှိခဲ့ပါတယ်။ အဲဒီအချက်ကြောင့် လက်ရှိအာဏာရ ပါတီဟာ အတိုက်အခံပါတီကို အရှုံးပေးခဲ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ် သုံးလသက်တမ်း ကျန်ရှိသေးတဲ့ သမ္မတဦးသိန်းစိန်ဟာ မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

၄. ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် – တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်

typeof=

တပ်မတော်ဟာ လက်ရှိအချိန်မှာ ဝန်ကြီးဌာန သုံးခုကို ထိန်းချုပ်ထားပြီး ကိုယ်ပိုင် ဘတ်ဂျက်လည်းရှိကာ လွှတ်တော်အတွင်း အမတ် နေရာ ၂၅ ရာခိုင်နှုန်းလည်း ရရှိထားပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ အဓိက ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီကောင်စီအတွင်း တပ်မတော်က အဓိကအခန်းကဏ္ဍကနေ ပါဝင်နေခြင်းဖြင့် တပ်မတော်အနေနဲ့ လိုအပ်တဲ့အချိန်မှာ အာဏာသိမ်းနိုင်တဲ့ အခွင့်အရေးကို ရရှိထားပါတယ်။

၅. ဦးအောင်မင်း – ငြိမ်းချမ်းရေး ဖော်ဆောင်သူ

typeof=

ရထားပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးအောင်မင်းဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲမှုအတွက် အစိုးရဘက်မှနေပြီး အဓိက ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းသူတစ်ဦး ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်က အဆုံးသတ်နိုင်ခြင်း မရှိသေးပေမဲ့ ဦးအောင်မင်းဟာ ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်သူတစ်ဦးအဖြစ် ထင်ရှားခဲ့ပါတယ်။

၆. ဗိုလ်ချုပ်ဂွန်မော် – ကေအိုင်အေရဲ့ အဓိကပုဂ္ဂိုလ်

typeof=

နိုင်ငံတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့နဲ့ အောက်တိုဘာလအတွင်း သဘောတူလက်မှတ် ရေးထိုးခဲ့ရာမှာ မပါဝင်ခဲ့တဲ့ အဖွဲ့ထဲမှာ ကေအိုင်အေဟာ နာမည်ကြီး အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ဂွန်မော်ဟာမတ်လလယ်အတွင်းက  နေပြည်တော်ကို သွားရောက်ကာ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ ကေအိုင်အေရဲ့ ပထမဆုံး ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ သစ်မာနဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေ ပေါကြွယ်ဝတဲ့ ကချင်ပြည်နယ်က ကေအိုင်အေဟာ အစိုးရနဲ့ သဘောတူညီနိုင်ခြင်း မရှိသေးပါဘူး။

၇. ပေါက်ယူချန်း

typeof=

ပေါက်ယူချန်းရဲ့ ဝ ပြည်ထောင်စု တပ်မတော် – UWSA ဟာ တပ်သားဦးရေ သုံးသိန်းရှိတဲ့အတွက် မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား တပ်မတော်တစ်ခုဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ မပါဝင်ခဲ့တဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ Global Witness က အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့စစ်တမ်းအရ UWSA နဲ့ဆက်သွယ်မှုရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာ့ ကျောက်မျက်ရတနာ ကုန်သွယ်ရေးမှာ အကျိုးအမြတ်အများဆုံး ခံစားရနေသူတွေလို့ သိရပါတယ်။ ပေါက်ယူချန်းရဲ့ သားမက်၊ မြန်မာတကောင်း ကျောက်မျက်ရဲ့ တာဝန်ရှိသူဖြစ်တဲ့ အိုက်ဟောနဲ့ တခြား ကုမ္ပဏီလေးခုဟာ ကျောက်စိမ်းတွင်း ၅၀ ကို ပိုင်ဆိုင်ထားပြီး ၂၀၁၃-၁၄ ခုနှစ်အတွင်း မြန်မာ့ကျောက်မျက်ပြပွဲမှာ ကြိုတင်ရောင်းချခြင်း အခွန်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၈. သူရ ဦးရွှေမန်း

typeof=

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် သူဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ သြဂုတ်လအတွင်းက မထုတ်ပယ်ခံရခင် အချိန်အထိ ပါတီကို ထိန်းချုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ဖြူးမြို့နယ်ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရာမှာ ရှုံးနိမ့်ခဲ့ပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး လာမယ့် အစိုးရသစ်အတွင်း နေရာတစ်ခုလည်း ရနိုင်ခြေ ရှိနေပါတယ်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.