ဦးခင်အောင်မြင့်က Eleven Media Group ကို မတောင်းပန်နိုင်

နေပြည်တော်၊ ဇန်နဝါရီ ၅

ဇန်နဝါရီ ၂ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်ပါ အင်တာဗျူးနှင့် ပတ်သက်ပြီး Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အား တစ်ပတ်အတွင်း ပြန်လည်ရှင်းလင်းတောင်းပန်ရန် ကြေညာထားခြင်းနှင့် ပတ်သက်ပြီး တောင်းပန်မည်မဟုတ်ဟု ဦးခင်အောင်မြင့်က ယနေ့နံနက်ပိုင်းတွင် ပြောကြားသည်။

“လွန်ခဲ့တဲ့ ဇူလိုင်လ(၁၁-၇-၂၀၁၅)က Eleven Media Group ရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးက စာပို့ထားတာရှိပါတယ်။ ဦးလှဆွေနဲ့ ပတ်သက်ပြီး သတိပေးပေးဖို့ပါ။ ဒီကိစ္စကိုလည်း လွှတ်တော် အုပ်ချုပ်မှုရေးရာကော်မတီကို လွှဲပြောင်းပေးပါဆိုပြီးတော့ အဘက မှတ်ချက်ရေးပြီး လွှတ်တော်ရုံးက အဲဒီကော်မတီကို ပေးထားပါတယ်။ အယ်ဒီတာချုပ် ဦးဝေဖြိုးက စာပို့ထားတာကို ဒေါက်တာသန်းထွဋ်အောင်က Eleven Media Group ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌဆိုတော့ သိချင်လည်း သိနိုင်မယ်။ ပို့တဲ့စာမှာ ဦးသန်းထွဋ်အောင် အမည်ခံထားခြင်း မရှိသော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာတော့ သူပါနေတယ်ဆိုတာတော့ ရှင်းနေပါတယ်။ အဘက လွှတ်တော်ဥက္ကဋ္ဌဖြစ်သော်လည်း နိုင်ငံသားတစ်ဦးလည်းဖြစ်တော့ တရားရုံးက ခေါ်ရင် ဒီစာကို(ဦးဝေဖြိုးစာကို) တရားရုံးကို တင်ပြလိုက်ရုံပါပဲ။ အဘအနေနဲ့တော့တောင်းပန်စာရေးစရာ အကြောင်းမရှိဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

Eleven Media က ပေးပို့ထားသည့် စာအား ဦးခင်အောင်မြင့် ပြသနေစဉ်။ ဓာတ်ပုံ - စိုးသန်းလင်း

Eleven Media က ပေးပို့ထားသည့် စာအား ဦးခင်အောင်မြင့် ပြသနေစဉ်။ ဓာတ်ပုံ – စိုးသန်းလင်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ဦးလှဆွေ၏ လူမှုကွန်ယက် စာမျက်နှာတွင် Eleven Media Group အား ရေးသားထားမှုများသည် Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိပါးစေသောကြောင့် လွှတ်တော်ဥက္ကဋ္ဌက ဦးလှဆွေအား လိုအပ်သလို သတိပေးပါရန်ဟူ၍ ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နေ့စွဲဖြင့် The Daily Eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ လိပ်မူပြီး စာပို့ခဲ့ခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ဦးလှဆွေနှင့် ပတ်သက်ပြီး ဒေါက်တာသန်းထွဋ်အောင်က ၎င်းထံ တိုင်ကြားထားကြောင်း ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်ဂျာနယ်အား ပြောကြားထားမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၃ ရက်နေ့ထုတ် The Daily Eleven နေ့စဉ်သတင်းစာတွင် “ဦးခင်အောင်မြင့်ထံ ဦးလှဆွေနှင့် ပတ်သက်၍ မည်သည့်ပုံစံနှင့်မျှ တိုင်ကြားပြောဆို ရေးသားခဲ့ခြင်းမရှိပါ” ဟု လည်းကောင်း၊ “အဖြစ်မှန်ကို ခုနစ်ရက်အတွင်း ပြန်လည်ရှင်းလင်းတောင်းပန်ရန် တောင်းဆိုသည်” ဟုလည်းကောင်း ဒေါက်တာသန်းထွဋ်အောင်၏ တရားလွှတ်တော်ရှေ့နေ၏ အသိပေးကြေညာချက် ပါရှိခဲ့သည်။

သတင်း- စိုးသန်းလင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.