ဦးကျော်ကျော်မောင်အား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ရန် သမ္မတ အဆိုပြု

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် သက်တမ်းပြည့်သွားပြီဖြစ်သည့် ဦးကျော်ကျော်မောင်အား နောက်ထပ်သက်တမ်းငါးနှစ် ထပ်မံ တာဝန်ထမ်းဆောင်စေရန် သမ္မတဦးဝင်းမြင့်က အဆိုပြုလိုက်သည်။ ထိုသို့အဆိုပြုခြင်းက ဗဟိုဘဏ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်လာစေရေးအတွက် မျှော်လင့်နေကြသူများအား စိတ်ပျက်သွားစေခဲ့သည်။

ယခုကဲ့သို့ အဆိုပြုခြင်းကို သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ယနေ့အသိပေးလိုက်ပြီး လာမည့်ရက်များတွင် လွှတ်တော်အမတ်များက အတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ ၂၀၁၃ ခုနှစ်၊ ဗဟိုဘဏ်ဥပဒေအရ ဥက္ကဋ္ဌသည် ရာထူးသက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်နိုင်သည်။

အသက် ၇၉ နှစ်ရှိ ဦးကျော်ကျော်မောင်အား ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်မည့် ဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် မေလတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး နောက်ပိုင်းတွင်မှ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု Frontier က သိရှိထားသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖွယ်ရှိသည့် ဦးစိုးဝင်းအား ဦးကျော်ဝင်းနေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ စီမံဘဏ္ဍာဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌတို့အား အလျှင်အမြန် အစားထိုး ပြောင်းလဲခန့်အပ်ခြင်းက လှုပ်ခတ်မှုများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု အစိုးရတွင်းမှ အချို့က ယူဆထားကြသည်။

ယခုကဲ့သို့ ဦးကျော်ကျော်မောင်အား ဗဟိုဘဏ်ဥက္ကသစ်အဖြစ် ပြန်လည်ခန့်အပ်မည့် အစီအစဉ်ကြောင့် ဥက္ကဋ္ဌသစ် မည်သူဖြစ်လာမည်ကို လပေါင်းများစွာ မှန်းဆနေမှုများ အဆုံးသတ်သွားစေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဦးတည်ရာလမ်းကြောင်းအပေါ် ဆွေးနွေးမှုများ ထပ်မံပေါ်ပေါက်လာဖွယ်ရှိနေသည်။

ဦးကျော်ကျော်မောင်၏ ငါးနှစ်သက်တမ်းသည် ဇူလိုင် ၃၁ ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် အဆိုပါရာထူးအတွက် အဆိုပြုခြင်းမခံရမီရပင် ထိုရာထူးတွင် ၁၉၉၇ မှ ၂၀၀၇ ခုနှစ်အထိ ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၎င်းထိုတာဝန်ထမ်းဆောင်နေစဉ် ၂၀၀၇ ခုနှစ်က စီးပွားရေး အကြပ်အတည်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ဖူးပြီး ထိုအကြပ်အတည်းမှ ရှောင်လွှဲရန် ၎င်းက အနည်းငယ်သာ ကြိုးစားဆောင်ရွက်ခဲ့သည်ဟု ဝေဖန်သူများက ပြောကြားကြသည်။

ဥက္ကဋ္ဌရာထူး ပြန်လည်ရရှိပြီး မကြာမီတွင် စစ်အစိုးရလက်ထက်က မူဝါဒများကို ပြန်လည်အသက်သွင်းရန် ကြိုးစားမှုကြောင့် ၎င်းအပေါ် တိုက်ခိုက်ဝေဖန်မှုများ ပေါ်ထွက်လာသည်။ ၂၀၁၅ ခုနှစ်တွင် ငွေတန်ဖိုးစတင် ကျဆင်းလာချိန်တွင် ၎င်းက တရားဝင် နိုင်ငံခြားငွေလဲနှုန်းအား ချပေးရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဈေးကွက်တွင်း၌ အပြိုင်ဈေးနှုန်းနှစ်ခု ပေါ်ထွက်လာခဲ့သည်။ နောက်ပိုင်းတွင် ငွေကြေးဈေးကွက် တည်ငြိမ်စေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ကြားဝင်ခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင်မူ ဦးကျော်ကျော်မောင်က ပြုပြင်ပြောင်းလဲမှုများ  ပိုမိုလုပ်ဆောင်လာသည်ကို မြင်တွေ့လာရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.