အွန်လိုင်းဒီဂျစ်တယ် ဗီဒီယိုဝန်ဆောင်မှု Viu ကို မြန်မာနိုင်ငံမှာ မိတ်ဆက်

အာရှတစ်လွှားမှ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို အွန်လိုင်းကနေ ကြည့်ရှုနိုင်မယ့် ဒစ်ဂျစ်တယ် ဗီဒီယို ဝန်ဆောင်မှုဖြစ်တဲ့ Viu ကို မြန်မာနိုင်ငံမှာ ရရှိတော့မှာဖြစ်ပါတယ်။

လက်ရှိတွင် နိုင်ငံတကာဈေးကွက် ၁၆ ခု၌ ဝန်ဆောင်မှု ပေးနေတဲ့ Viu ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်တဲ့ အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့က နိုဗိုတယ်ရန်ကုန် မက်စ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်မတို့ရဲ့ ပရိတ်သတ်တွေကို စိတ်ကျေနပ်နိုင်စေနိုင်မယ့် ဝန်ဆောင်မှုမျိုး ပေးအပ်ဖို့အတွက် လပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ အာရှအကောင်းဆုံး ဖျော်ဖြေရေးတွေကို သယ်ဆောင်ပေးမယ်ဆိုတဲ့ ကတိအတိုင်း  မြန်မာနိုင်ငံ အပါအဝင် ရေပန်းစား လူကြိုက်များနေတဲ့ နောက်ဆုံးပေါ် ကိုရီးယား၊ ထိုင်း နဲ့ အိန္ဒိယ  ဇာတ်ကားတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်” လို့ Viu Myanmar ရဲ့ Country Manager ဖြစ်သူ Lavina Tauro က ပြောကြားပါတယ်။

Viu ဟာ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော ၁၀၀ ရာနှုန်းပြည့် မြန်မာစာတန်းထိုး ပါဝင်သော ဒစ်ဂျစ်တယ် ဗီဒီယိုဝန်ဆောင်မှု ဖြစ်လာမှာဖြစ်ပြီး အဲဒီဗီဒီယိုတွေကို Download ပြုလုပ်၍လည်း ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

“ကိုရီးယားနဲ့ တစ်ရက်တည်းပြမယ့် နာမည်ကျော် Running Man တီဗီ အစီအစဉ်တွေသာမက ကိုရီးယား ဒရာမာတွေဖြစ်တဲ့ The Heirs နှင့် Doctors စတဲ့ ဇာတ်လမ်းတွဲတွေ၊ နာမည်ကြီး ဇာတ်ကားတွေဖြစ်တဲ့ ထိုင်းက PeeMak နဲ့ အိန္ဒိယက Bhaagmathie အပါအဝင် Viu ရဲ့ ရုပ်ရှင်တွေ နဲ့ တီဗီအစီအစဉ်တွေ အားလုံးမှာ ၁၀၀ ရာနှုန်းပြည့် မြန်မာစာတန်းထိုးတွေ ပါဝင်လာမှာ ဖြစ်ပါတယ်” လို့ Lavina Tauro က ဆက်ပြောပါတယ်။

PCCW နှင့် Vuclip တို့က ပေးအပ်နေတဲ့ ထိပ်တန်း အွန်လိုင်း ဗီဒီယိုဝန်ဆောင်မှု (OTT) ဖြစ်တဲံ Viu ဟာ မြန်မာနိုင်ငံအပါအဝင် ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေဖြစ်တဲ့ ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီး စတဲ့ နိုင်ငံတွေမှာ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။

“ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ Viu ဟာ အွန်လိုင်း ဒစ်ဂျစ်တယ်ဗီဒီယို ဝန်ဆောင်မှု (OTT) နယ်ပယ်မှာ ဦးဆောင်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါဟာ အရည်အသွေး မြင့်မားတဲ့၊ ဆန်းသစ်တဲ့၊ ဈေးကွက် တစ်ခုချင်းစီက ကြည့်ရှုသူတွေနဲ့ ကိုက်ညီမှု ရှိတဲ့ ဗီဒီယိုတွေကို ပေးအပ်နိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်၊ ဈေးကွက် တစ်ခုချင်းစီအတွက် ဗီဒီယို ဝန်ဆောင်မှုကဏ္ဍတွေနဲ့ အရည်အချင်းရှိ ဝန်ထမ်းတွေကို ပိုမို တိုးတက်လာအောင် အားပေးကူညီသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်သန်ချက်နဲ့ Viu ရဲ့ ဒစ်ဂျစ်တယ် ဗီဒီယို ဂေဟစနစ်မှာ ပါဝင်တဲ့ မိတ်ဖက် အဖွဲ့အစည်းတွေအတွက် အောင်မြင်မှုတွေ ရရှိအောင် ဖန်တီးပေးသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှု နည်းဗျူဟာတွေကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အလားတူ ခံယူချက်၊ ရည်သန်ချက်၊ နည်းဗျူဟာတွေနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ Vuclip ရဲ့ ဥက္ကဋ္ဌနဲ့ COO ဖြစ်သူ Arun Prakash က အခမ်းအနားမှာ ပြောပါတယ်။

Vuclic ဟာ နိုင်ငံတကာအဆင့်မီ နည်းပညာတွေနဲ့ လည်ပတ်နေတဲ့ ထိပ်တန်းမီဒီယာ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဖွံံ့ဖြိုးဆဲ ဈေးကွက်တွေဖြစ်တဲ့ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ  အွန်လိုင်းဗီဒီယို ဝန်ဆောင်မှုတွေ ပေးအပ်နေပါတယ်။ PCCW Media ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Vuclip  လက်အောက်မှာ Viu၊ Vuclip Videos၊ Viu Life နဲ့ Vuclip Games ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။

Viu အက်ပလီကေးရှင်းကို Google Play မှာ အခမဲ့ ရယူနိုင်ပြီး Viu ဝန်ဆောင်မှုနဲ့ ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းတွေနဲ့ တက်ဘလက်တွေကတဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီအက်ပလီကေးရှင်းက ဗီဒီယိုတွေကို သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့အတူ အကန့်အသတ်မဲ့ ဒေတာသုံးစွဲခွင့်နဲ့ ကြည့်ရှုနိုင်မယ့် “အဝသုံးနဲ့ အမုန်းကြည့်” package ကိုလည်း Viu က Myanmar Net နဲ့ပူးပေါင်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.