အူရီဒူး၏ 4G စနစ်ကို အိုင်ဖုန်းများတွင် သုံးနိုင်တော့မည်

အူရီဒူးမြန်မာက ပြီးခဲ့တဲ့ မေလမှာ စတင်ခဲ့တဲ့ 4G ဝန်ဆောင်မှုများကို အိုင်ဖုန်းသုံးစွဲသူများပါ အသုံးပြုခွင့်ရရှိတော့မယ်လို့ အူရီဒူးမြန်မာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

“Apple မှ အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို သေချာစွာ လေ့လာဆန်းစစ်ပြီးဖြစ်သည့်အတွက် နောက်ထပ် အဆင့်မြှင့်ပေးမည့် iOS Update တွင် အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို iPhone တွင် အသုံးပြုခွင့် ပါဝင်မည်ဖြစ်ပါသည်” လို့ သြဂုတ် ၂၃ ရက်နေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့မေလက စတင်ပြီး အူရီဒူးက 4G ကွန်ရက်ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုဂံတို့မှာ စတင်မိတ်ဆက်ခဲ့ပေမယ့် Android ဖုန်း အသုံးပြုသူတွေသာ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

iOS အသုံးပြုသူများအတွက် Apple က အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြီးခဲ့သည့်လ အနည်းငယ်ကစပြီး iPhone ဗားရှင်းအချို့တွင် အူရီဒူးမြန်မာရဲ့ 4G ကွန်ရက်ကို စတင်အသုံးပြုခွင့်ရနေပြီဖြစ်သလို ယခုအခါ Apple က အူရီဒူး၏ 4G ကွန်ရက်ကို နောက်ထပ် အဆင့်မြှင့်ပေးမည့် iOS version မှာ တရားဝင် ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် iPhone 5 နဲ့အထက် အသုံးပြုသူတွေအနေနဲ့ 4G ကွန်ရက်ကို အသုံးပြုခွင့်ရတော့မှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အူရီဒူးမြန်မာ၏ ဆင်းကတ်ကို iPhone ဟန်းဆက်နဲ့ တွဲပြီး အသုံးပြုသူတွေအနေနဲ့ iOS Upgrade အဆင်သင့်ဖြစ်သည့်အခါ သုံးစွဲသူကိုယ်တိုင် update ပြုလုပ်ပြီး 4G သုံးစွဲနိုင်ရန်အတွက် Apple ထံမှ Push Notification တစ်ခုကို လက်ခံရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အူရီဒူးက မြန်မာနိုင်ငံအတွက် ပထမဆုံးသော 4G ကွန်ယက် ဝန်ဆောင်မှုကို ပေးနိုင်ဖို့ နိုကီယာနဲ့ ပူးပေါင်းပြီးတော့ ဆက်သွယ်ရေး ကွန်ယက်တွေကို သုံးလအတွင်း အဆင့်မြှင့်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar