အီးယူအဆင့်မြင့်ကိုယ်စားလှယ် ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံ လာမည်

ဥရောပသမဂ္ဂ (အီးယူ) ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဥရောပကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Federica Mogherini သည် လာမည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

၎င်းသည် နေပြည်တော်တွင် နိုဝင်ဘာ ၂၀ နှင့် ၂၁ ရက်နေ့များ၌ ကျင်းပမည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEM)၌ ဥရောပသံကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်တက်ရောက်မည်ဟု အီးယူက သတင်းထုတ်ပြန်သည်။

နေပြည်တော်၌ ရောက်ရှိနေစဉ်တွင် Mogherini သည် နှစ်ဖက်အစည်းအဝေးတစ်ချို့ ကိုလည်း ကျင်းပသွားမည် ဖြစ်သောကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြေအနေကို ကိုင်တွယ်သွားရန်လည်း အခွင့်အလမ်းတစ်ရပ် ပေါ်ထွက်မည်ဖြစ်သည်ဟု အီးယူကပြောကြားသည်။

နေပြည်တော်သို့ မလာရောက်မီ နိုဝင်ဘာ ၁၉ ရက်နေ့တွင် Federica Mogherini သည် ဘင်္ဂလားဒေရှ့်နိင်ငံသို့ အလုပ်သဘော သွားရောက်မည်ဖြစ်သည်။

ဘင်္ဂလားဒေရှ့်နိင်ငံတွင် ကော့ဘဇာ ခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများသို့ သွားရောက်ကြည့်ရှု့မည်ဖြစ်ပြီး လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် ၎င်းသည် ဘင်္ဂလားဒေရှ့်နိင်ငံဝန်ကြီးချုပ် Mrs. Sheikh Hasina နှင့် တွေ့ဆုံမည် ဖြစ်သည်။

အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ Federica Mogherini ၏ ဘင်္ဂလားဒေရှ့်နိင်ငံသို့ သွားရောက်မှုမှာ အောက်တိုဘာ ၂၃ ရက်နေ့တွင် ဂျီနီဗာ၌ ကျင်းပခဲ့သည့် ရိုဟင်ဂျာဒုက္ခသည် အရေးပေါ်ကိစ္စရပ်အတွက် ကုလသမဂ္ဂမှ ကတိပြုညီလာခံအား ဥရောပသမဂ္ဂမှ ပူးတွဲကျင်းပပြီးသည့်နောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ၎င်းညီလာခံ၌ ဥရောပသမဂ္ဂက ယူရိုသန်း ၃၀ အား ထပ်ဆောင်းရန်ပုံငွေအဖြစ် လှူဒါန်းမည်ဟူ၍ ကတိပြုခြင်းမှာ အလှူရှင်များကြား၌ အမြင့်ဆုံးသော လှူဒါန်းမှုဖြစ်ပြီး အီးယူနှင့်၎င်း၏အဖွဲ့ဝင်နိင်ငံများအနေဖြင့် လှူဒါန်းရန်ကတိပြုခဲ့သည့် စုစုပေါင်း ပမာဏထက် ထက်ဝက်ကျော်ကို လှူဒါန်းရန် ကတိပြုခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံသို့ လူပေါင်းခြောက်သိန်းကျော် ထွက်ပြေးခဲ့ကြရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြပ်အတည်းနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂက မြန်မအစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများ ရှိနေသလို အဆိုပါဒေသ၌ လူ့အခွင့်အရေးချိုးဖောက်များတွင် အဓိက တာဝန်ရှိသည်ဟုဆိုကာ တပ်မတော်နှင့် ဆက်ဆံရေးဖြတ်တောက်ရန် ပြီးခဲ့သည့်လက ဆုံးဖြတ်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar