အိန္ဒိယနှင့် မြန်မာရေတပ်သင်္ဘောများ ပူးတွဲ စစ်ရေးလေ့ကျင့်

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွေ ပါဝင်ရန်အတွက် မြန်မာရေတပ်သင်္ဘောနှစ်စီး အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆင့်နှစ်ဆင့်ခွဲကာ ပြုလုပ်မည့် India and Myanmar Navy Exercise 2018 (IMNEX-18) ပူးတွဲလေ့ကျင့်မှုတွင် မြန်မာနိုင်ငံမှ UMS ဆင်ဖြူရှင်နှင့် UMS အင်းလေးတို့ ပါဝင်မည်ဟု India Today သတင်းစာက ရေးသားထားသည်။

ဆိပ်ကမ်း၌ လေ့ကျင့်မှုကို မတ် ၂၅ မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကာ မတ် ၃၁ ရက်မှ ဧပြီ ၃ ရက်နေ့အထိ ပင်လယ်ပြင်၌ လေ့ကျင့်မည်ဖြစ်သည်။

အဆိုပါလေ့ကျင့်မှုက နှစ်နိုငံ ရေတပ်များအကြား ပင်လယ်ပြင်နှင့် ဆိပ်ကမ်းနှစ်ခုလုံးတွင် လုပ်ငန်းဆိုင်ရာ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှု တိုးတက် မြင့်မားလာစေရေးအတွက် ရည်ရွယ်သည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။

လေ့ကျင့်မှုတွင် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စီး၊ ရဟတ်ယာဉ်တစ်စီး၊ ဂျက်လေယာဉ်နှစ်စီးနှင့် ရေငုတ်သင်္ဘောတစ်စီးတို့ ပါဝင်မည်ဖြစ်သည်။

မကြာမီက အိန္ဒိယနိုင်ငံ ပို့ဘလဲတွင် ပြုလုပ်ပြီးစီးခဲ့သည့် MILAN-18 ရေတပ်လေ့ကျင့်မှုတွင်လည်း မြန်မာရေတပ်က ပါဝင်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar