အိန္ဒိယက ကုန်သွယ်မှု တိုးမြှင့်ရန် မြန်မာနှင့် နယ်စပ်တွင် နယ်စပ်ဈေးကိုးခု ဖွင့်လှစ်ရန် စီစဉ်နေ

အရှေ့တောင်အာရှနိုင်ငံများအပြင် နယ်စပ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် နယ်စပ်ဈေး ကိုးခုအထိ တိုးမြှင့်သွားဖို့ အိန္ဒိယအစိုးရက စီစဉ်နေတယ်လို့ အိန္ဒိယအစိုးရ ထိပ်တန်းအရာရှိများက နယူးဒေလီမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့တယ်လို့ မီဒီယာများက ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ်အတွင်းက ချုပ်ဆိုခဲ့တဲ့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘောတူညီမှုအရ ဈေးများ တည်ထောင်ဖို့အတွက်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ Anil Wadhwa က ပြောကြားခဲ့တယ်လို့ Statesman သတင်းစာက ရေးသားထားပါတယ်။

ဈေးတွေကို အရုနာချယ်ပရာဒက်၊ နာဂလန်းနဲ့ မီဇိုရမ်တို့မှာ ဖွင့်လှစ်သွားဖို့ သဘောတူစာချုပ်အရ စီစဉ်သွားမယ်လို့ Mr Wadhwa က ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် ဒေလီ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အာဆီယံနိုင်ငံများနဲ့ ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးဖို့ ရည်ရွယ်တဲ့ အဆိုပါ နှစ်စဉ်ဆွေးနွေးပွဲကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ကာအိန္ဒိယက လက်ခံကျင်းပနေတာဖြစ်ပါတယ်။ 

အာဆီယံဟာ အိန္ဒိယရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အပြန်အလှန်ကုန်သွယ်မှုဟာ ၂၀၁၄-၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၅၃ ဘီလျံကျော်ရှိခဲ့ကြောင်း Mr Wadhwa ကဆိုပါတယ်။ အာဆီယံ နိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၁၄-၁၅ ခုနှစ်မှာ ဒေါ်လာ ၁၉ ဒသမ ၀၃ ဘီလျံရှိခဲ့တယ်လို့ သိရပါတယ်။ သူ့နောက်မှာတော့ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ ရှိနေပါတယ်။

ဒေသတွင်းနိုင်ငံများနဲ့ ကုန်သွယ်ရေးကဏ္ဍ တိုးမြှင့်တာက ၂၀၁၀ ခုနှစ်က ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ-အိန္ဒိယပူးပေါင်း သဘောတူညီမှု Plan of Action အောက်က အရေးကြီးဆုံး ကိစ္စဖြစ်ကြောင်း Mr Wadhwa ကဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေး စီမံကိန်းကဏ္ဍမှာတော့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး ကားလမ်းနဲ့ ကုလားတန် ဆောက်လုပ်ရေး စီမံကိန်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ Mr Wadhwa က ပြောကြားခဲ့ကြောင်း The Statesman သတင်းစာက ဖော်ပြပါတယ်။

၃,၂၀၀ ကီလိုမီတာ အကွာအဝေးရှိတဲ့ အဝးပြေးလမ်းဟာ မီဇိုရမ်က မိုရေးမြို့၊ မန္တလေးနဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့တို့ကို ဆက်သွယ်သွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုသွားနိုင်မှာဖြစ်ေကြာင်း သတင်းများက ဖော်ပြပါတယ်။

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.