အာဆီယံဘဏ္ဍာရေးကဏ္ဍ၏ ဒစ်ဂျစ်တယ်ပြောင်းလဲမှု အစီရင်ခံစာ ထုတ်ပြန်

ရန်ကုန်
“အာဆီယံဒေသနှင့် ဗြိတိန် တို့၏ ဘဏ္ဍာရေးကဏ္ဍ ဒစ်ဂျစ်တယ်တိုးတက်ပြောင်းလဲမှုများ” အမည်ရှိ သုတေသနအစီရင်ခံစာတစ်စောင်ကို စာရင်းအင်းအဖွဲ့ကြီးနှစ်ခုက ပူးတွဲ ထုတ်ပြန်ခဲ့သည်။
The Institute of Chartered Accountants in England and Wales (ICAEW) နှင့် the Institute of Singapore Chartered Accountants (ISCA) တို့က လုပ်ဆောင်ထားခြင်းဖြစ်သည်။

အစီရင်ခံစာပါအချက်များက မြန်မာကဲ့သို့သော ဒစ်ဂျစ်တယ်နည်းပညာတိုးတက်မှု အလားအလာရှိသည့် နိုင်ငံအတွက် များစွာအထောက်အကူဖြစ်နိုင်ကြောင်း ညွှန်းဆိုထားသည်။
 
အစီရင်ခံစာတွင် အာဆီယံနိုင်ငံများနှင့် ဗြိတိန် တို့ရှိ လုပ်ငန်းခွင်များမှ ကျွမ်းကျင်စာရင်းကိုင်များနှင့် အခြားသော ဘဏ္ဍာရေးကဏ္ဍဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်ပြောင်းလဲမှု များကို လုပ်ဆောင်နေသည့် ကျွမ်းကျင်ပညာရှင်များ၏ လက်တွေ့အတွေ့အကြုံများ ကို လေ့လာကာ သုတေသနပြုထားသည့် တွေ့ရှိချက်များ ပါဝင်သည်။
 
အာဆီယံသည် ဒစ်ဂျစ်တယ် လှုပ်ရှားမှုများကြောင့် ကမ္ဘာတွင် အင်တာနက်တိုးတက်ကြီးထွားမှု အမြန်ဆုံးဈေးကွက်ဖြစ်နေပြီး ၎င်း၏ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍမှာ လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်း သိသာလျင်မြန်စွာ တိုးတက်လာမည်ဟု World Economic Forum ကတင်ပြထားသည်။
 
လက်ရှိတွင် အာဆီယံနိုင်ငံအများစုသည် ဒစ်ဂျစ်တယ်နည်းပညာများတိုးချဲ့ရင်း တိုင်းပြည်၏တိုးတက်မှုကို ပိုမို အရှိန်အဟုန်မြှင့်တင်မည့် စီမံကိန်းနှင့် ဖွဲ့စည်းမှုများကို စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။

 ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက မြန်မာအစိုးရသည် လာမည့် ၆ နှစ်အတွင်း နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးကို တိုးတက်အောင်လုပ်ဆောင်မည့်နည်းလမ်းများ ပါဝင်သော မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးလမ်းစဉ်များကို ထုတ်ပြန်ခဲ့သည်။
 
ICAEW နှင့် ISCA တို့၏ သုတေသနပြုချက်များအရ ထပ်မံအတည်ပြုနိုင်သည်မှာ ငွေကြေးလုပ်ငန်းကဏ္ဍများ လုပ်ဆောင်ရာတွင် ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲခြင်းအားဖြင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ကဏ္ဍများ အတွက် ကြီးမားသောအကျိုးဖြစ်ထွန်းနိုင်သည့်အပြင် အောင်မြင်စွာ ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် လက်တွေ့ကျစွာ လုပ်ဆောင်နိုင်မည့် အချက်များလည်း ပါဝင်သည်။

အစီရင်ခံစာထဲ၌ ဒစ်ဂျစ်တယ်စနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရေးအတွက် လုပ်ဆောင်ရမည့် အဓိကအချက် ၃ ခုကို အလေးပြု ဖော်ပြထားသည်။ ပထမဆုံးအချက်မှာ ငွေကြေးလုပ်ငန်းကဏ္ဍနှင့် အခြားစီးပွားရေးကဏ္ဍများ ချက်ချင်း ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်သည်ဟုဖော်ပြထားသည်။ ဒုတိယအချက်မှာ အပြောင်းအလဲကို လုပ်ဆောင်နိုင်သည့် အားကောင်းသော ဦးဆောင်မှုနှင့် ကျွမ်းကျင်စာရင်းကိုင်များက လိုအပ်သော ကျွမ်းကျင်မှုများကို သင်ကြားရန်လိုအပ်ခြင်းဖြစ်သည်။နောက်ဆုံးအချက်မှာ လျင်မြန်သော တိုးတက်မှုများအတိုင်း ချက်ချင်းလိုက်ပါပြောင်းလဲနိုင်ရန်အတွက် အသေးစိတ် အကြောင်းအရာများကိုပါ သုံးသပ်လုပ်ဆောင်ရန် လိုအပ်ခြင်းတို့ ဖြစ်သည်။
 
“ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ငွေကြေးကဏ္ဍလည်ပတ်မှုတွေဟာ ဒစ်ဂျစ်တယ်ပြောင်းလဲမှုကို တတ်နိုင် သလောက် မြန်မြန်လုပ်ဆောင်ပြီး အကျိုးကျေးဇူးတွေကို မြန်မြန်သိရှိနိုင်ဖို့ လိုကြောင်း  ISCA ၏ အမှုဆောင်အရာရှိ ချုပ် ဖြစ်သူ Mr Lee Fook Chiew က ပြောသည်။
“’ဒီလို ဆိုပေမယ့်လို့ လူအင်အားပါဝင်မှုကိုလည်း မေ့ထားလို့မရပါဘူး၊ ငွေကြေးကဏ္ဍ အပြောင်းအလဲတွေကို စီမံခန့်ခွဲတဲ့ နည်းဗျူဟာတွေ အရ လုပ်ငန်းစုတွေအနေနဲ့ စာရင်းအင်းကျွမ်းကျင်သူဝန်ထမ်းတွေကို လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မြှင့်တင်ပေးတာ တို့၊ အသစ်ထပ်ပြီး သင်တန်းပေးတာတို့ လုပ်ရင်း နည်းပညာအကူအညီနဲ့ လုပ်ငန်းကို ထောက်ပံ့မှု ဘယ်လို ဖြစ်စေတယ်ဆိုတာတွေကိုပါ နားလည်အောင် ရှင်းလင်းပြောကြားဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
 
နည်းပညာအသစ်များအတွက် ရေရှည်ရင်းနှီးမြှုပ်နံှမှု အခက်အခဲများနှင့် နည်းပညာအကူးအပြောင်းကာလတွင် စာရင်းကိုင်များ အများဆုံး ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်ညွှန်ကြားချက်များ မရှိနေမှုအကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ 

အစီရင်ခံစာပါ အချက်အလက်များမှာ အမှုဆောင်အရာရှိချုပ်များ (CEOs)၊ ငွေကြေးဆိုင်ရာအရာရှိချုပ်များ (CFOs) နှင့် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဗြိတိန် တို့မှ ငွေကြေးကဏ္ဍ၏ ဒစ်ဂျစ်တယ် အကူးအပြောင်းလုပ်ငန်းစဉ်များတွင် အနီးကပ်ပါဝင်လုပ်ဆောင်နေသည့် ကျွမ်းကျင်သူများ အား မေးခွန်းများမေးမြန်းပြီး ရရှိလာသည့် တွေ့ရှိချက်များကို အခြေခံထားခြင်းဖြစ်သည်။
 
အစီရင်ခံစာ၏ အပြည့်အစုံကို https://isca.org.sg/media/2823488/isca-icaew-digital-transformation-in-f… တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။
 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.