အမေရိကန် GED အောင်လက်မှတ်အား ပြည်တွင်း၌ပင် တက်ရောက်ဖြေဆို ရယူနိုင်

အမေရိကန် (၁၂) တန်းအောင်လက်မှတ်ဖြစ်သည့် General Equivalency Diploma (GED) အောင်လက်မှတ်အား မြန်မာနိုင်ငံတွင် တက်ရောက်ဖြေဆို၍ တရားဝင် ရယူနိုင်ပြီဖြစ်သည်။

အဆိုပါ စာမေးပွဲအတွက် American University of Myanmar (AUM) က GED Testing Service ထံမှ တရားဝင် မူပိုင်ခွင့် ရရှိထားပြီး မြန်မာနိုင်ငံမှ Long Enterprises Limited နှင့် ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ GAD မေးခွန်းများ ဖြေဆိုနိုင်စေရန် နိုင်ငံတကာ လိုင်စင်ရဆရာ၊ ဆရာမများက သင်ကြားပေးမည်ဟုဆိုသည်။

“ကျွန်တော်တို့ အမေရိကန် (၁၂)တန်း စာမေးပွဲဖြစ်တဲ့ ဒီ GEDကို ရာစုနှစ်တစ်စုထက်ကျော်အောင် အရှေ့တောင်အာရှမှာ ကျင်းပပေးခဲ့ပါတယ်။ အခုအခါမှာလည်း မြန်မာနိုင်ငံမှာ ဒီအခွင့်အရေးကို ပို့ချပေးရတဲ့အတွက် ကျွန်တော်အနေနဲ့ ကျောင်းသား ကျောင်းသူတွေကိုယ်စား အားရ ဝမ်းသာမိပါတယ်” ဟု GED Testing Service ၏ ဥက္ကဋ္ဌဖြစ်သူ Randy Trask က ပြောကြားသည်။

GED Testing Service သည် နိုင်ငံတကာ၌ အကြီးမားဆုံးသော အမေရိကန် (၁၂)တန်းအဆင့်ရှိ စာစစ်ဌာနအဖွဲ့အစည်းအဖြစ် ရပ်တည်နေပြီး နှစ်စဉ်လူဦးရေ ၇၅၀,၀၀၀ ခန့် ဖြေဆိုလေ့ ရှိကြသည်။ ထိုအောင်လက်မှတ်အား အမေရိကန်တက္ကသိုလ်နှင့် ကောလိပ် ၉၉ ရာခိုင်နှုန်းအပြင် နိုင်ငံတကာ တက္ကသိုလ် အမြောက်အများကလည်း လက်ခံကြကာ ကျောင်းသားကျောင်းသူများအနေဖြင့် Bachelor Degree ဘွဲ့ယူရန် ပထမနှစ်မှ တိုက်ရိုက်ဝင်ခွင့်ရရှိနိုင်သည်။

American University of Myanmar ၏ ပါမောက္ခချုပ် C E Klafter က “နိုင်ငံတကာအဆင့်မှီ ပညာအရည်အချင်းကို ကုန်ကျစရိတ်များပြားတဲ့ ပုဂ္ဂလိကကျောင်းများမှာ ငွေကုန်ကြေးကျတတ်နိုင်တဲ့ ကျောင်းသားကျောင်းသူများသာ ပညာရေး အစစ်အမှန်ကို ရရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ GED ခေါ် အမေရိကန်အထက်တန်း စာမေးပွဲများ ရောက်ရှိလာခြင်းက ကျောင်းသားကျောင်းသူအများအပြာအတွက် ပညာရေးအစစ်အမှန်ကို ပံပိုးရယူပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar