အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

ရန်ကုန်၊ မေ ၁၄

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် မေ ၂၂ ရက်နေ့တွင် မြန်မာအစိုးရသစ် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ၎င်း၏ရုံးက မေ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းကာ သမ္မတဦးထင်ကျော် ခေါင်းဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် ပထမဆုံး လာရောက်မည့် အမေရိကန်၏ အဆင့်မြင့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အရပ်သားဦးဆောင်သည့် အစိုးရသစ်အတွက် အမေရိကန်က ထောက်ခံမှုကို ပြသရန်နှင့် ဒီမိုကရေနှင့် စီးပွားပြုပြင်ပြောင်းလဲမှုများ ထပ်မံဆောင်ရွက်ရေးအတွက် နေပြည်တော်ရှိ အဓိကခေါင်းဆောင်များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ဂျွန်ကယ်ရီ သွားရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းသည် အဆိုပါနေ့တွင်ပင် ဗီယက်နမ်နိုင်ငံသို့ ဆက်လက် သွားရောက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံသို့ နေ့ချင်းပြန် လာရောက်ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ယခင်အစိုးရ အာဏာရရှိပြီးနောက် ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ၎င်းသည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။

၎င်းလာရောက်ပြီးနောက် မြန်မာနိုင်ငံနှင့် သံအမတ်ကြီးအဆင့် ဆက်ဆံရေး ပြန်လည်ထူထောင်မည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်က ကြေညာခဲ့ပြီးနောက် ဒဲရစ်မစ်ချယ်သည် ၂၂ နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ ပထမဆုံး သံအမတ်ကြီး ဖြစ်လာခဲ့သည်။ ထို့ပြင် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့ဖူးသည်။

လက်ရှိအချိန်သည် အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများအား ပြန်လည်သုံးသပ်နေချိန်ဖြစ်သည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar