အနန ္တအမည်ဖြင့် 4G+ ဒေတာအော်ပရေတာသစ်တစ်ခု ပေါ်ထွက်လာ

အနန ္တ (ananda) အမည်ဖြင့် 4G+ ဒေတာအော်ပရေတာသစ်တစ်ခု ပေါ်ထွက်လာပြီး ၎င်းတို့၏ ဝန်ဆောင်မှုကို ယခုနှစ် ပထမသုံးလပတ်အတွင်း စတင်သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်သုံးစွဲသူတွေကို သူတို့လိုချင်နေတဲ့ လူနေမှုဘဝပုံစံမျိုးနဲ့ အဆုံးမရှိတဲ့ အခွင့်အလမ်းတွေကို ထိုက်ထိုက်တန်တန် ရရှိစေချင်ပါတယ်။ ကျွန်မတို့ ananda (အနန္တ) အနေနဲ့ စစ်မှန်တဲ့ ဒစ်ဂျစ်တယ် အတွေ့အကြုံ ခံစားမှုတွေကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Amara Communications Co., Ltd. ၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်အေးမြမြကြည်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“အင်တာနက်ဆိုတာ ကျွန်မတို့ရဲ့ ဘဝတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့အချိန်မှာ ဗွီဒီယိုတွေကို အွန်လိုင်းကနေ အထစ်အငေါ့မရှိ ကြည့်တာဖြစ်ဖြစ်၊ အွန်လိုင်းကနေတဆင့် စာသင်ကြားဖို့ဖြစ်ဖြစ် ဒါမှမဟုတ် ဖေ့စ်ဘုတ်ကနေ လွှင့်တင်နေကြတဲ့ ဂီတပွဲတော်ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ပဲဖြစ်ဖြစ် အစရှိတဲ့ ဒီလိုကြွယ်ဝတဲ့ အတွေ့အကြုံတွေ လေ့လာမှုတွေကို အနန္တ နဲ့ ကျယ်ကျယ်ပြန့်ပြန့် အကန့်အသတ်မရှိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။

အနန ္တကို ပိုင်ဆိုင်ထားသည့် Amara Communications Co., Ltd သည် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် IGE လုပ်ငန်းစု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

၂၀၁၁ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သော Amara Communication သည် မြို့ပြအင်ဂျင်နီယာ လုပ်ငန်း၊ တာဝါတိုင်၊ စွမ်းအင်၊ ရေဒီယိုစက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုစသည့် မိုဘိုင်းနည်းပညာ ဆိုင်ရာ အခြေခံအဆောက်အုံနှင့် ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် မိုဘိုင်းဖုန်း ငွေဖြည့်ကဒ် (top-up cards) များကို ဈေးကွက်အတွင်း ဖြန့်ချိသည့် လုပ်ငန်းကိုလည်း လုပ်ဆောင်နေပြီး ၂၆၀၀ မက်ဂါဟက်ဇ် လှိုင်းပေါ်တွင် အခြေပြုသော မြန်နှုန်းမြင့် 4G+ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ကို ၂၀၁၆ ခုနှစ်က ရရှိခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.