သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဧည့်ခံပွဲတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ
ရန်ကုန်
တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပြုထားသော အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်က စဉ်းစားနေသည်ဟု အေအက်ဖ်ပီသတင်းဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးအကြံပေးတစ်ဦးကို ကိုးကားပြီး မတ် ၉ ရက်နေ့က ရေးသားထားသည်။
လာမည့် ဧပြီလတွင် အာဏာလွှဲပြောင်းရယူရတော့မည့် အစိုးရသစ်သည် စီးပွားရေးကဏ္ဍအပြင် ကဏ္ဍပေါင်းစုံတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သလို အဓိက ကုန်သွယ်ဖက်ဖြစ်သည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကိုလည်း ထိန်းသိမ်းနိုင်ရန်လည်း ဆောင်ရွက်ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပေါ်လစီပိုင်းဆိုင်ရာ အပြောင်းအလဲများ ဆောင်ရွက်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ တန်ဖိုးရှိသည့် မြစ်ဆုံရေအားလ ျှပ်စစ်စီမံကိန်းအား ဒီဇိုင်းပြန်လည်ဆွဲရန်ကိုလည်း ဆောင်ရွက်ဖွယ်ရှိသည်ဟု ဦးဟန်သာမြင့်က ပြောကြားသည်။
“မြစ်ဆုံမှာ တမံဆောက်ဖို့ ကျွန်တော်တို့ ငြင်းလိုက်ရင်လဲ အခြားတမံတွေကို မြစ်အထက်ဖက်တွေမှာ ဆောက်လို့ရပါတယ်” ဟု ၎င်းကပြောကြားသည်။
ဧရာဝတီမြစ်ဆုံရေအားလ ျှပ်စစ် စီမံကိန်းကို ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ၎င်းတို့ အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားရန် သမ္မတဦးသိန်းစိန်က၂၀၁၁ ခုနှစ်တွင် အမိန့်ထုတ်ခဲ့သည်။
သို့သော် အဆိုပါ စီမံကိန်းအား ပြန်လည်စတင်နိုင်မည်ဟု မေ ျှာ်လင့်ထားကြောင်း တရုတ်နိုင်ငံပိုင်ကုမ္ဗဏီမှ ညွန်ကြားရေးမှူးချုပ်ဖြစ်သူက ပြောကြားခဲ့ကြောင်း မြန်မာတိုင်း(မ်) က ရေးသားထားသည်။
“ကျွန်တော်တို့ ၇၀ ရာခိုင်နှုန်း အကောင်းမြင်ပါတယ်။ အစိုးရသစ် အာဏာရလာပြီးနောက်ပိုင်း ဒီလိုမေ ျှာ်မှန်းထားပါတယ်။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။ မေလလောက်မှာ တွေ့ခွင့်ရမယ်လို့ ထင်ပါတယ်” ဟု တရုတ်နိုင်ငံပိုင် State Power Investment Corporation ၏ ညွန်ကြားရေးမှူးချုပ် မစ္စတာလျူကျန်းက ပြောကြားခဲ့သည်ဟု မြန်မာတိုင်း(မ်)က မတ် ၁၀ ရက်နေ့တွင် ရေးသားထားသည်။
ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် ရေအားလ ျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်ရန် ခွင့်ပြုချက်ရလိမ့်မည်ဟု ထင်မြင်မိပါကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါ စီမံကိန်းသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးသည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
သတင်း- Frontier