အခြေခံပညာစာမေးပွဲများ စတင်မည့်ရက် နောက်သို့ တစ်ရက်ရွှေ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၉

တက္ကသိုလ်ဝင်တန်းမှအပ အခြေခံပညာ စာမေးပွဲအားလုံးကို မူလကြေညာထားသည့်ရက်မှ နောက်သို့ တစ်ရက် ရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက Frontier ကို အတည်ပြုပြောကြားသည်။

“ကျောင်းအားလုံးကို ညွှန်ကြားပြီးပါပြီ။ ဖေဖော်ဝါရီ ၁၃ က ဗိုလ်ချုပ်မွေးနေ့လည်းဖြစ်တယ်။ ကလေးများနေ့လည်း ဖြစ်တယ်။ ကစားပျော်ရွှင်ကြမယ့် အစီအစဉ်တွေ တိုင်းနဲ့ပြည်နယ်အလိုက် လုပ်နေတာရှိတယ်။ အဲဒီရက်မှာ စာမေးပွဲလုပ်လိုက်ရင် ကလေးတွေ ပျော်ရွှင်ရမယ့်ဟာကို စာမေးပွဲကြီးနဲ့ တိုက်ဆိုင်လိုက်သလို ဖြစ်သွားမှာစိုးလို့ပါ”ဟု ဒေါက်တာခိုင်မြဲက ပြောကြားသည်။

အခြေခံပညာ သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၅၊ ၆၊ ၇ နှင့် ၉ တန်း စာမေးပွဲများ စတင်မည့်ရက်ကို မူလကြေညာထားသည့် ယခုလ ၁၃ ရက်နေ့မှ ၁၄ ရက်သို့ လည်းကောင်း၊ ၄ တန်းနှင့် ၈ တန်း စာမေးပွဲများကို ယခုလ ၂၁ ရက်မှ ၂၂ ရက်နေ့သို့လည်းကောင်း ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ စတင်ကျင်းပမည့်ရက်မှာမူ အပြောင်းအလဲမရှိဘဲ မူလကြေညာထားသည့်အတိုင်း မတ် ၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar